Genuine History သမိုင်းကောင်းပါစေ

D Min Swe စစ်အစိုးရဝန်ကြီးတစ်ပါး မိန့်မှာဖူးသည်က "သမိုင်းအမှန်ပင် ဖြစ်လင့်ကစား တိုင်းပြည်နဲ့လူမျိုး သိက္ခာကျစရာဖြစ်နေရင် ပြင်သင့်ရင် ပြင်ပါ" တဲ့။ ဒီတော့

တရုပ်ပြေးမင်းလည်း ပုဂံ (ဗမာ) ဘုရင်ပဲဗျ။ စလေငခွေးလည်း ၃၇ ဆက်မြောက် ပုဂံမင်းပဲ။ အင်္ဂလိပ်ကိုလိုနီလက်အောက် ကျွန်တော်တို့ ကျရောက်ခဲ့ပါတယ်။ စုစုပေါင်းရင် ကျွန်သက်က (၁၉၄၈ - ၁၈၂၄) ၁၂၄ နှစ်ကြာခဲ့တယ်။ လျှော့ပြောလို့ ဘယ်ဖြစ်မလည်းဗျ။

သမိုင်းကောင်းဆိုတာ မှန်တာရေးတာကိုသာခေါ်တယ်။ မောင်ရှင်လောင်းမှာတော့ ရွှေထီးဆောင်းခဲ့မှာပေါ့။ ကာလသားဘဝမှာ ကြက်တိုက်တာလည်း ချန်မထားနဲ့။

တချို့ကတော့ရှိမှာပေါ့။ သူ့အဖေက လူမုန်းများတဲ့ အရက်သမားကြီး။ ဒီတော့ သူများအဖေကို ကိုယ့်အဖေလုပ်သတဲ့။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး