Happy National Pink Day ပန်းရောင်နေ့

ကနေ့ ယူအက်စ်အေမှာ ပန်းရောင်နေ့တဲ့။ ဒေါ်စုထိုင်းခရီးစဉ်မှာ ပန်းရောင်ဝတ်ထားတာလည်းတွေ့တယ်။ ကျွန်တော်က တိုက်ဆိုင်နေတာတောင်မှ အဲလိုသတင်းကိုတွဲတင်ပြီး ဂုဏ်တင်တာမျိုး လုပ်လေ့မရှိပါ။ ဒါဖြင့် ဘာလို့ရေးတာလည့်း့

နေရတာကလည်း ဒီတိုင်းပြည်ပေမယ့် ပန်းရောင်နေ့လို့ သိမထားပါ။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်ခုန်စရာပုံတွေကြားထဲမှာ သွားရင်းလာရင်းဖတ်ရတဲ့ ပို့စ်တခုကနေသိရတာဖြစ်ပါတယ်။ ပန်းရောင်နေ့လို့ပြောသူကပါပဲ မင်းသမီးကို ထင်ပေါ်စေချင်ရင် ရုပ်ရှင်မှာဘယ်လိုရိုက်ရတယ်တဲ့။ ကျွန်တော်က လူတချို့ရဲ့နောက်ခံတွေသာမက အတွင်းစိတ်နဲ့ လုပ်ရပ်တွေကို အနှစ်နှစ်ဆယ်ကျော် နိုင်ငံရေးထဲလုပ်ရာကနေ မသိမဖြစ်တော့ သိပါတယ်။

ဒေါ်စုရဲ့ ထိုင်းခရီးစဉ်မတိုင်ခင်လေးမှာ မိတ်ဆွေတယောက်ကနေ လှမ်းတိုင်သလို အသိပေးတယ်။ ဆရာ့ ဒေါ်စုကို ရစရာမရှိ ရေးထားတယ်ဆရာတဲ့။ ဘယ်သူကရေးတာလဲလို့မမေးပဲ သူက နာမည်တခုပြောပြတယ်။ အော့့် အေ့း့ ဒေါ်စု့ ကိုလာတုန်းကတော့ သူပဲကြိုဆိုရေးမှာ လူကြီးနေရာဝင်ယူခဲ့တာပေါ့။

ကျွန်တော်က အဲလိုဟာမျိုးတွေကို ထောက်ပြဘို့အချိန်မသုံးပါ။ တိုက်ဆိုင်လို့ စဉ်းစားမိတာကိုရေးချင်လို့ နိဒါန်ပျိုးတာပါ။

အီးယူထဲကနေ ဗြိတိန်ကခွဲထွက်မလား၊ ဆက်နေမလား၊ မဲပေးပြီးလို့ မဲရေတွက်နေကြပြီ။ နောက်ဆုံးအခြေအနေအရ
EU Referendum Vote Results
ထွက်ရေး Leave Votes = 370,404
နေမြဲ Remain Votes = 344,535
370 results left to declare

ထိုင်းမှာရောက်နေကြရတဲ့ ကိုယ့်နိုင်ငံသားတွေကိုကြည့်ပြီး (အီးယူ) အုပ်စုထဲကနေ ဗြိတိန်ခွဲထွက်ချင်နေချိန်မှာ ကျွန်တော် စဉ်းစားမိတာက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို တိုင်းပြည်တခုတည်းအဖြစ် ပေါင်းလိုက်ရရင်ကောင်းမလားလို့ပါ။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး