History shows သမိုင်း အသုံးဝင်ပုံ

သမိုင်းအကြောင်းရေးတာကို လူတွေအများကြီးကနေ ဖတ်ရှုပြီး မှတ်ချက်တွေပါပေးကြလို့ အားတက်ရပါတယ်။ သမိုင်းယူလို့ အလုပ်အကိုင်အခွင့်အလမ်းမကောင်းလှတာတွေဖတ်ရတယ်။ သမိုင်းသာသာရပ်ကို ဝိဇ္ဇာဘွဲရဖို့နဲ့ အလုပ်ရဖို့သာမဟုတ်ပါ၊ တသက်လုံးသုံးရမှာပါ။

အမေရိကန်ပြည်ထောင်စုကို ရောက်လာကြသူတွေက သက်တမ်းအရ နိုင်ငံသားလျှောက်ထားသူတွေက စာမေးပွဲ ဖြေကြရပါတယ်။
Civics Questions and Answers for the Naturalization Test လို့ခေါ်ပါတယ်။
AMERICAN GOVERNMENT အမေရိကန်အစိုးရအကြောင်း မေးခွန်း ၁ မှ ၅၇ အထိ = ၅၇ ခု၊
AMERICAN HISTORY အမေရိကန်သမိုင်း မေးခွန်း ၅၈ မှ ၈၇ အထိ = ၃ဝ ခု
INTEGRATED CIVICS ပထဝီစတဲ့ မေးခွန်း ၈၈ ကနေ ၁ဝဝ အထိ = ၂၃ စုစုပေါင်း မေးခွန်း (၁ဝဝ) ရှိတယ်။

သမိုင်းမေးခွန်းတွေထဲမှာ ကိုလိုနီတွေရောက်လာပုံ၊ ကျွန်စနစ်၊ ဖွဲ့စည်းပုံ၊ တိုင်းပြည်ဖခင်၊ ကမ္ဘာစစ်စတာတွေ ပါတယ်။ မေးခွန်းနဲ့အဖြေတွေကို အစိုးရတခါပြောင်းတခါ မပြင်ပါ။

ကျွန်တော် နယူးဒေလီမှာနေစဉ်က လူငယ်ကျောင်းသားတွေကို ပညာသင်ဆုအတွက် အင်တာဗျူးမေးရတတ်ပါတယ်။ မြန်မာပြည်ကနေထွက်လာတာမကြာသေးတဲ့ ကျောင်းသားတယောက်ကိုမေးပါတယ်။ မြန်မာပြည်ဟာ ဘယ်ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေးရခဲ့သလည်းဆိုတော့ တရုပ်တဲ့။

သမိုင်းဟာ စာမေးပွဲတခုတည်းအတွက်မဟုတ်ပါ။ အလုပ်အကိုင်ရဖို့သာမဟုတ်ပါ။ တသက်လုံးသာမက သားစဉ်မြေးဆက် အသုံးပြုကြရမယ့် အသိပညာကောင်းတရပ်ဖြစ်ကြောင်းပါ။ သမိုင်းကို အစိုးရကမရေးရပါ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး