International boundary နယ်ခြားမျဉ်း

ဒေါ်စု ထိုင်းနိုင်ငံခရီးစဉ်နဲ့ဆက်ပြီး ပို့စ် နှစ်မျိုးနှစ်စား တွေ့ရတယ်။

မဟာချိုင်မှာရွာတဲ့မိုးကို အရင်တွေ့ပါတယ်။

နောက်မှာ တိုင်းခြားပြည်ခြားက အလုပ်သမားတွေရင်ထဲမှာတောင် အဘမင်းအောင်လှိုင်ရောက်နေပါပြီဆိုတာတွေ့တယ်။

ကျွန်တော့်ဖေ့စ်ဘွတ်က အစွန်းနှစ်ဘက်။ တဘက်ကနေ ခွဲထွက်ခွင့်တောင်းစေချင်မိတယ်။

ဘန်ကောက်မှာ ဒေါ်စုပြောတာတခုက နှစ်နိုင်ငံနယ်နိမိတ်ဆိုတာ ခွဲခြားထားတာမဟုတ်ပဲ၊ နှစ်နိုင်ငံ (ရှယ်) ထားကြတာ ဖြစ်တယ်တဲ့။

အဲတော့ အားနာလို့ ကိုယ်မကြိုက်လည်း ဘလော့မလုပ်သေးပါ။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး