Lady Godiva syndrome ကိုယ့်ဟာကို သူများပြချင်သူ

(ကန်တော့ပါ)

Exhibition အိတ်စ်ဘီးရှင်းဆိုတာ ပြတာ၊ ပြပွဲ။ ပြတယ်ဆိုတာ သူများမြင်စေချင်လို့ပါ။ Exhibitionism ဆိုတာကတော့ သူများမမြင်စေအောင် ဖုံးထားရမှာကိုမှ တမင်တကာပြချင်တဲ့စိတ်အရလုပ်တာ ဖြစ်ပါတယ်။ သစ်သီးဝလံပြပွဲလိုမျိုး ပြတာမဟုတ်ဘူး။ လိင်ပိုင်းဆိုင်ရာ မူမှန်မဟုတ်တာ Paraphilias ပါရာဖိလပ်စ်တွေထဲက အမျိုးအစားတခုပါ။ သူများကို တမင်တကာပြချင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းဆိုတာ ထုံးစံပုံမှန်ဆိုရင် ဖုံးထားသင့်တယ်လို့ အများက ယူဆထားတာမျိုးတွေပါ။ ဥပမာ လိင်အင်္ဂါနဲ့ တင်ပါး၊ မိန်းမရင်သား။ အဲတာက ယဉ်ကျေးမှုနဲ့လည်းဆိုင်တယ်။ အခုလို မတူတဲ့ယဉ်ကျေးမှုတွေရှိတဲ့ကမ္ဘာကို လှည့်ပတ်တဲ့အလေ့အထကနေ ကမ္ဘာရွာဖြစ်လာစေတာမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်။

ကိုယ်ခန္ဓာကို သူများမြင်အောင် ကိုယ်လုံးတီးနေချင်ပြချင်တဲ့ စိတ်လိုအပ်ချက်ရှိလို့လုပ်သူကို Flasher ခေါ်ကြတယ်။ Martymachlia မာတီမချီလိယားဆိုတာက လိင်ဆက်ဆံမှုပြုနေတာကို သူများမြင်တာသဘောကျသူမျိုး။ ပုံမှန် ဖြစ်ပေါ်နေကြ လိင်အမူအယာအရာတွေနဲ့ မတူတမူထူးတာတွေကို ပါရာဖိလပ်စ်ခေါ်တယ်။ Apodysophilia အပိုဒိုင်ဆိုဖီးလီယာလို့လဲ သုံးကြတယ်။ လိင်အင်္ဂါကို မြင်စေအောင် စကပ်ကို လှန်ပြတာမျိုးကို Anasyrma အနာဆီမာလို့ခေါ်တယ်။ ဒီလိုမြင်စေချင်တာကို သူတို့က Shock value ရှော့ခ်တန်ဖိုးတရပ်လို သဘောထားသတဲ့။

ညကလပ်နဲ့ ဘားတွေမှာ အဲလုပ်ကြတယ်။ ဒါမှ လူစည်မှာမို့။ ဗလာကပြအသုံးတော်ခံတဲ့ မိန်းကလေးတိုင်းက အဲဒီဝါသနာရှိတယ်လို့တော့ ပြောမရဘူး။ စားဝတ်နေရေးအတွက် လုပ်ကြရတာရှိတယ်။ သဘာဝအရ မိန်းမတွေမှာ ကိုယ့်အတွင်းအင်္ဂါကို သူများမြင်အောင် ပြချင်စိတ်ရှိတာ အလွန်နည်းပါတယ်။ သူတို့လုပ်လေ့ရှိတာက ပြူတင်းပေါက်ကနေ အပေါ်ပိုင်းလှတာကို ပြချင်တာမျိုး။ ဆွဲဆောင်ချင်တာလဲ ဖြစ်နိုင်သလို ကိုယ်တိုင် ကျေနပ်မှု ရချင်တာလဲ မှန်တယ်။ အင်္ကျီလည်ဟိုက်၊ ခါးဖေါ်၊ တင်ပေါ် ဝတ်ချင်သူတွေဟာလဲ မော်ဒယ်တွေ အတုခိုးချင်တာရော အနည်းနဲ့အများ ဒီလိုမျိုးရောပါ ရှိတတ်တယ်။ စာတအုပ်မှာ ရေးထားတယ်။ မိန်းမတွေက အင်္ဂါဇာတ်ကလွဲရင် အကုန်ပြချင်တယ်။ ယောက်ျားများက ဘာတခုမှတော့ မပြချင်ဘူး၊ ဒါပေမဲ့ တဲ့။

တချို့က Exhibitionists ကို လူနေမှုပုံစံတခုလို့ သဘောထားကြတယ်။ သူတို့ မြင်စေချင်တဲ့သူကို ရွေးပြီးမှ မြင်စေအောင် လုပ်တယ်။ ပြတာလဲ ခဏပဲ။ ကိုယ်ဗလာ နေစာလှုံတာ၊ ကိုယ်တုံးလုံး ချွတ်ရေကူးတာ၊ လူစည်စည်မှာ ဗလာကျင်းနေကြတာမျိုးတွေကမတူဘူး။ သူတို့နဲ့ တော်သလင်းဇာတ်နဲ့ ကွာတာက အဝတ်ဗလာနေတာကို စံလို့သတ်မှတ်ပြီး လိင်ဆက်ဆံမှုမပါရဘူး။

တချို့က ကိုယ့်လိင်အင်္ဂါကို သူများပြရင်း ကိုယ့်ဖါသာ အာသာဖြေတယ်။ သူများကိုလာပြီး အတူနေလှည့်ပါသဘော မပါဘူး။ သူအဲလိုလုပ်ပြနေတာကို မြင်တဲ့သူမှာ လိင်စိတ်ကြွလာတာကို လုပ်ပြသူက ကျေနပ်မှုတမျိုးရနေတတ်တယ်။ တချို့တွေက တယောက်ထဲဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ်လုပ်ကြပြီး လိင်နဲ့ဆိုင်တာပါတယ်။ တချို့မှာ အဲလိုလုပ်လိုက်ရလို့ ငါကွဆိုပြီး ဘဝင်ခွေ့တယ်။ ငါအရင်လုပ်တာဆိုတဲ့ ပဌမဆုံးလူဖြစ်ချင်တယ်။ ဖက်ရှင်ဖြစ်ချင်တယ်။ စိတ်ဦး၊ စိတ်ထူးနဲ့ စိတ်ရူးပါဘဲ။

အမေရိကန်စိတ်ပညာအသင်းတခုရဲ့ ရောဂါရှာဖွေရေးနဲ့ စာရင်းဇယားအရ Paraphilias နဲ့ Exhibitionism တွေမှာ ဒီလက္ခဏာတွေရှိတယ်။ ၁။ ထပ်ခါထပ်ခါ လုပ်တတ်တယ်၊ ၂။ ပြင်းပြတယ်၊ ၃။ လိင်ဆီကို တွန်းပို့တယ်၊ ၄။ လူနဲ့ မဆိုင်တာမျိုးအပေါ်မှာ လိင်စိတ်တပ်မက်မှုဖြစ်တယ်၊ ၅။ အဖေါ်ကိုရော ကိုယ့်ကိုယ်ကိုပါ ဒုက္ခပေးပြီး စော်ကားရာ ကျစေတယ်လို့ ဆိုထားတယ်။

ပြတဲ့သူက ယောက်ျားဖြစ်ပြီး မြင်ရ-ကြည့်ရသူက မိန်းကလေး၊ အသက်လဲငယ်ရင် ခြောက်လှန့်မှုပါ ဖြစ်စေတယ်။ သူများကိုရော ကိုယ့်ကိုယ်ကိုပါ စိတ်ထိခိုက်မှုနဲ့ ပြဿနာကြီးစေနိုင်တယ်။ လုပ်နေ-မြင်နေကြ မဟုတ်ဘူး၊ အစွန်းရောက်တယ်။ ဒီလို ကိုယ့်ဟာကို သူများပြချင်တဲ့ အပြုအမူမျိုးကို တချို့က အပျော်အပျက်သဘောထားပေမဲ့ ပြင်းထန်တဲ့ အမူအယာပြဿနာဖြစ်တယ်။ ပညာရှင်တွေက စိတ်သတင်းပို့လွှတ်မှု မထိန်းနိုင်တဲ့ ပြဿနာလား၊ အစွဲအလမ်းကြီးမှုပြဿနာလား စဉ်းစားကြတယ်။

Paraphilias ပါရာဖီလားအမျိုးအစားတွေ အများကြီးရှိတယ်။ ပြချင်တာရော ကြည့်ချင်တာတွေပါ ပါတယ်။
Exhibitionism = ကိုယ့်လိင်အင်္ဂါကို တမင်တကာ တစိမ်းတယောက်ကို ပြချင်တာနဲ့ သူများမြင်အောင် လိင်ဆက်ဆံချင်စိတ် ဖြစ်ချင်တာနဲ့ တကယ်လုပ်တာ၊ Fetishism = လူ့ကိုယ်ခန္ဓာ မဟုတ်တာမျိုးကို လိင်စိတ်နဲ့ တပ်မက်တာ၊ Frotteurism = ကိုယ့်ကို သဘာမကျသူကိုသာ တန်းတန်းစွဲ ထိချင်-ကိုင်ချင်-ပွတ်သပ်ချင်စိတ် ဖြစ်နေတာ၊ Gerontophilia = အသက်အရွယ် ကြီးနေသူအပေါ်မှာ လိင်စိတ်ဖြစ်တာ၊ Infantophilia = ကလေး ငယ်ငယ်လေးတွေကို လိင်စိတ်ဖြစ်တာ၊ Masochism = လိင်ဆက်ဆံတုံးမှာ အဖေါ်ကနေ သူ့ကို အနိုင်ကျင့်တာ၊ ရိုက်ပုတ်တာ၊ နာစေတာမျိုးကို ခံချင်စိတ်ရှိတာ၊ Partialism = လိင်နဲ့မဆိုင်တဲ့ ကိုယ်ခန္ဓာတခြားနေရာကို တပ်မက်တာ၊ Sadism = သူများကို အနိုင်ကျင့်တာ၊ ရိုက်ပုတ်တာ၊ နာစေတာမျိုးကို လိင်စိတ်နဲ့ လုပ်ချင်စိတ်ရှိတာ၊ Transvestite fetishism = ဆန့်ကျင်ဘက်လိင်ရဲ့ အဝတ်အစား အသုံးအဆောင်ကို တပ်မက်နေတဲ့စိတ်၊ Voyeurism = သူများ ကိုယ်တုံးလုံးနေတာ၊ အဝတ်အစားချွတ်နေတာ၊ လိင်ဆက်ဆံနေတာကို ချောင်းကြည့်ချင်နေတဲ့စိတ်။

အိမ်ထောင်ကျပြီးသူတွေမှာ အဲလိုရောဂါအဖြစ်များကြတယ်။ ကျူးလွန်သူတွေက ယောက်ျား၊ ခံရသူတွေက မိန်းမ၊ ကလေးနဲ့ တစိမ်းတရံတွေများတယ်။ ဇီဝဗေဒသီအိုရီတွေက တက်စတိုစတီရုံးဟော်မုန်းကြောင့်လို့ ယူဆတယ်။ စိတ်ပညာသီအိုရီတွေက သားယောက်ျားလေးဟာ သူ့မိခင် မိန်းမနဲ့ မတူတာကို ပြချင်စိတ် ဖြစ်ပေါ်တာလို့ ယူဆတယ်။

ဘယ်လိုကုသမလဲ၊ ဖြစ်နေသူတွေက ဆရာဝန်ဆီမလာကြပါ။ ပြဿနာပေါ်မှ ရောက်လာတယ်။ Reality therapy စိတ်ကုသနည်း၊ Cognitive behavioral therapy စိတ်ကုသနည်း၊ Aversion and positive condition approaches နည်းတွေ၊ Medications Selective serotonin reuptake inhibitors ဆေးပေးနည်း၊ Hormonal treatment Estrogens, Medroxyprogesterone acetate, Luteinizing hormone-releasing hormone agonists, Long-acting gonadotropin-releasing hormones ဟော်မုန်းလည်းပေးနိုင်တယ်။ Reconditioning, restructuring techniques, and empathy training နည်းတွေသုံးနိုင်တယ်။ အရင်က အဲလိုလွန်ကဲတဲ့ယောက်ျားတွေကို ကျားအစိထုတ်ပြီး သင်းကွပ်တယ်။ တချို့နေရာတွေမှာ အခုလဲရှိပါတယ်။ Depo Provera ထိုးတယ်။ ၆ဝ-၈ဝ% ထိရောက်တယ်။ လူက ဝလာမယ်၊ အရိုးအားနည်းလာမယ်၊ ရင်သားကြီးလာမယ်။

Lady Godiva syndrome လေဒီဂိုဒီဗာ ဆင်ဒရုမ်းလို့လည်းခေါ်တယ်။ သူက အင်္ဂလန်နိုင်ငံ ကိုဗက်ထရီမြို့လယ်ခေါင် ကိုယ်လုံးတီးနဲ့မြင်းစီးခဲ့သူ ဂုဏ်သရေရှိအမျိုးသမီးဖြစ်တယ်။ မြို့စားကတော်ဟာ သူ့ယောက်ျား လောဘကြီးတာကို လျော့စေအာင် သူ့ကိုယ်ခန္ဓာကိုယ်ကို တမြို့လုံးမြင်အောင်ပြခဲ့ပါတယ်။ ဒါကိုမြင်သွားတဲ့ တွမ်ဟာ Peeping Tom လို့တွင်သွားပြီး လေဒီက Exhibitionist ဖြစ်လာတော့တယ်။ (ကန်တော့ပါ)။

Dr. တင့်ဆွေ
၃ဝ-၅-၂ဝ၁၆
၃ဝ-၅-၂ဝ၁၇

ဆေးပညာ အင်္ဂလိပ်အခေါ်တွေ ကြားဘူးနားဝရှိအောင် ရေးပါရစေ။ တချို့လူတွေ ဘယ်လောက်ဆန်းကြသလဲ သိရတာပေါ့။
• Abasiophilia = သိပ်မလှုတ်နိုင်သူတွေကို တပ်မက်တာ၊
• Acrotomophilia = ခြေ-လက် ဖြတ်တားသူကို တပ်မက်တာ၊
• Anililagnia = ယောက်ျားငယ်ငယ်က မိန်မကြီးကြီးကို တပ်မက်တာ၊
• Asphyxiophilia = အဖေါ်ကို အသက်ရှူမဝစေတာမျိုး လုပ်ချင်တာ၊
• Autagonistophilia = စဉ်ပေါ်မှာ၊ ကင်မရာရှေ့မှာ လိင်ဆက်ဆံပြရတာကို သဘောကျတာ၊
• Autassassinophilia = လိင်ကိစ္စမှာ အသက်အန္တရာယ် မကင်းတာမျိုး လုပ်ချင်တာ။
• Autoandrophilia = ဇီဝသဘောအရ မိန်းမဖြစ်ပေမဲ့ ယောက်ျားလို ပြုမူနေရတာကို သဘောကျတာ၊
• Autogynephilia = ဇီဝသဘောအရ ယောက်ျားဖြစ်ပေမဲ့ မိန်းမလို ပြုမူနေရတာကို သဘောကျတာ၊
• Biastophilia = မုဒိန်းကျင့် အဓမ္မပြုချင်စိတ်ကဲတာ၊
• Chremastistophilia = ကြိုးစတာတွေနဲ့ ခြည်နှောင်ခံရတာကို ကြိုက်တယ်၊
• Chronophilia = အသက်သိပ်ကွာတဲ့ အဖေါ်နဲ့ လိင်ဆက်ဆံချင်တာ၊
• Dacryphilia = ငိုတာ၊ မျက်ရည်ကျတာကို နှစ်သက်တာ၊
• Dendrophilia = သစ်ပင်ကို သဘောကျတာ၊
• Emetophilia = အန်တာကို သဘောကျတာ၊
• Erotophonophilia = လူသတ်ချင်တာ၊
• Formicophilia = အင်းဆက်ကောင် ကိုယ်ပေါ်တက်တာကို သဘောကျတာ၊
• Frotteurism = ကိုယ့်ကို သဘောမကျသူကိုမှ ပွတ်သပ်ချင်တာ၊
• Gerontophilia = အသက်ကြီးသူကိုမှ သဘောကျတာ၊
• Gynandromorphophilia = လိင်ပြောင်းထားတဲ့မိန်းမကို သဘောကျတာ၊
• Hebephilia = အရွယ်မရောက် ကလေးကို သဘောကျတာ၊
• Lactophilia = နို့ရည်ကို သဘောကျတာ၊
• Liquidophilia = လိင်အင်္ဂါပေါ် အရည်တခုခုလောင်းတာ
• Macrophilia = လူကောင်ကြီးသူကို သဘောကျတာ၊
• Mammaphilia/Breast fetishism = နို့ကို တပ်မက်လွန်းတာ၊
• Menophilia = ရာသီလာတာကို တပ်မက်တာ၊
• Morphophilia = ကိုယ်ခန္ဓာ ပုံပန်းကို တပ်မက်လွန်းတာ၊
• Mysophilia = ညစ်ပတ်ပေရေတာကို သဘောကျတာ၊
• Navel fetishism = ချက် ကိုသဘောကျတာ၊
• Necrophilia = လူသေအလောင်းကို သဘောကျတာ၊
• Olfactophilia = နံတဲ့အနံ့ကို သဘောကျတာ၊
• Peodeiktophilia = ကိုယ့်ကျားအင်္ဂါကို ပြချင်တာ၊
• Pedovestism = ကလေးလို ဝတ်စားချင်တာ၊
• Pictophilia = အပြာရုပ်ပုံ-ရုပ်ရှင်ကို သဘောကျလွန်းတာ၊
• Podophilia = ခြေထောက်ကို သဘောကျတာ၊
• Pygophilia = တင်ပါးကို သဘောကျတာ၊
• Somnophilia = အိပ်ပျော်နေသူ၊ သတိမေ့နေသူကို သဘောကျတာ၊
• Stigmatophilia = ကွင်း-တက်တူး ထိုးတာကို လိင်စိတ်နဲ့ သဘောကျတာ၊
• Telephone scatologia = တယ်လီဖုန်းကနေ လိင်စိတ်ကြွအောင် ပြောတာကို သဘောကျတာ၊ ပြောချင်တာ၊
• Trichophilia = ဆံပင်ကို သဘောကျတာ၊
• Troilism cuckolding = ကိုယ့်မိန်းမကို သူများကနေ လိင်ဆက်ဆံနေတာကို ကြည့်ပြီး လိင်စိတ်ဖြစ်တာ၊
• Urolagnia = လိင်ဆက်ဆံတာနဲ့အတူ ဆီးသွားချချင်တာ၊
• Zoophilia / Bestiality = တိရစ္ဆာန်နဲ့ လိင်ဆက်ဆံချင်တာ၊

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး