စိတ်နဲ့ ဆိတ်

Yin May Thant တိတ်စိတ်သောည
Aye Kyaw စပလင်လေး (တိတ်ဆိပ်)
Tint Swe ထပ်ပြင်အုန်းမယ် တိတ်ဆိတ်။

သတ်ပုံပြင်ပြီး တရားဟောအုန်းမယ်။ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ ဆုံးမစကား၊ မဖတ်ဖူးသူ အများသား၊ လိုက်နာဘို့ ဝေးလေစွတကား။

အရဟံ ဆိတ်ကွယ်ရာအရပ်ပင် မကောင်းမှုတို့ကို ပြုတော်မမူ၊ စိတ်တော်ကပင်လျင် ကြံစည်တော်မမူသော မြတ်စွာဘုရား။ မကောင်းမှုပြုတယ်ဆိုတာ စိတ်မှာကိလေသာရှိလို့ပြုတာ။ ကိလေသာမှန်သမျှ လုံးဝမရှိတော့တဲ့ မြတ်စွာဘုရားဟာ ဆိတ်ကွယ်ရာအရပ်မှာတောင် မကောင်းမှုကို မပြုတော့၊ မကြံစည်ပါ။

ပိန်းပိတ်အောင်မှောင်နေတဲ့အထဲမှာ ကိုယ်ပြုမူတာကို သူများတွေကမမြင်ဘူးလို့ ထင်မှတ်တတ်ကြတယ်။ နံရံတိုင်းမှာ မျက်လုံးတွေ နားတွေရှိတယ်။ Night Vision Goggles ဆိုတာ အမှောင်ထဲမှာ မြင်ရတဲ့ကိရိယာ။ အမှောင်ထဲမှာ မြင်နိုင်တဲ့ သတ္တဝါတွေရှိတယ်။

စိတ်ကွယ်ရာဆိုတာ မရှိပါ။ မျက်ကွယ်ရာသာ ရှိတယ်။ ကျည်ကွယ် မျက်ကွယ်။ စိတ် နဲ့ ဆိတ် ကွဲပြားကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး