Open House ကြည့်ချင်ပွဲ

ကျွန်တော့်ပို့စ်တခု = Blog and Facebook

ကွန်မင့်တခု = Aungtun Lay ကွန်မန့် ပါတာက တနင်္ဂနွေနေ့ နဲ့ ဆင်ဆင်တူပြီး ကွန်မန့် မပါတာက ဘုန်းကြီး တရားနာ ရတာနဲ့တူပါတယ် ဒါကကျွန်တော့်အထင်ပါ

ကျွန်တော့်စာတွေကတော့ အရပ်ထဲမှာကတဲ့ ဗလာပွဲ။ ကြည့်ချင်ပွဲလည်းခေါ်တယ်။ တခါတခါ ခဲကျလာ၊ တခါတခါမှာ ပြောင်းဖူးအူတိုင် လာတယ်။

လွမ်းစရာလေးရေးတာမှာ ရောဂါမေးလာတယ်။ မင်းသမီးလွမ်းဆွေးနေတုန်း၊ ကလေးကထငိုသလို။ ခပ်သောသောလေး ရေးတာအောက်က ဘောက်ဆတ်ဆတ်လာတတ်တယ်။ လူရွှင်တော်ပြက်နေတုန်း၊ ဗြုံးဆို မိုးရွာချသလို။ ပိုက်ဆံပေးစရာ မလိုတာမို့ ပွဲကတော့စည်ပါရဲ့။

စည်းကမ်းကတော့ ရုံသွင်းတဲ့ပွဲနဲ့ မကွာပါ။ နေရာတကာ ကွမ်းသွေး၊ တံတွေး၊ အခင်းကြီး အခင်းလေး။ ကန်တော့ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး