Postpartum ကလေးမွေးပြီးချိန်

ဆရာ ကျွန်တော် အသက်၂၇ နှစ် ဆရာဝန်ငယ်တယောက်ပါ။ လူနာတွေပြောတဲ့ သကျည်းကိုက် (သတ်ပုံမှားနိုင်) တယ်ဆိုတဲ့ Abdominal pain အကြောင်း ဆွေးနွေးတင်ပြပေးပါ ခင်ဗျာ။

ဟုတ့့် သားအိမ်က ညှစ်လို့နာတဲ့ ပုံမှန်ဖြစ်စဉ်သာ ဖြစ်တယ်။ နာမှလည်း သားအိမ်က သေးသေးလာမယ်။ နဂိုအနေ ပြန်ရောက်လာမယ်။ ရာသီလာစဉ်နာသလိုသဘော ဖြစ်တယ်။ ဒီအချိန်မှာ (၁) ပိုးဝင်မှာနဲ့ (၂) စိတ်ဓါတ်ကျတာ သတိထားရတယ်။ လူနာတွေ ဒီအချိန်မှာနာတာနဲ့မွေးကာနီးမှာနာတာ ၂ မျိုးကို လူနာနာလေ၊ ဆရာဝန်ကြိုက်လေလို့ အားနာနာနဲ့ပြောရမှာပဲ။ ပုံမှန်ဖြစ်စဉ်တွေက ပုံမှန်ဖြစ်နေတာ ကောင်းလို့ပါ။

Physical Changes ရုပ်ပိုင်းအပြောင်းအလဲများ
သွေးဆင်းတာ၊ ရင်သား၊ မွေးလမ်းဝန်းကျင်၊ မွေးလမ်းချုပ်ခြင်း-စုပ်ပြဲခြင်း၊ လိပ်ခေါင်း၊ ဆီးအိမ်၊ ဝမ်းသွားခြင်း၊ ရာသီပြန်ပေါ်ခြင်း၊ သားအိမ်ပြောင်းလဲခြင်း၊ အားနည်းခြင်းနဲ့ တခြားအပြောင်းအလဲများ။

Bleeding သွေးဆင်းတာ၊
Lochia ကလေးမွေးပြီး မွေးလမ်း (ဗိုက်ခွဲမွေးသူအပါအဝင်) ကနေဆင်းတာကိုခေါ်တယ်။ သားအိမ်အတွင်းလွှာ အဟောင်းတစ်ရှူးတွေနဲ့ သွေးရောဆင်းတယ်။ အနီေ၇ာင်ရဲရဲကနေ တဖြေးဖြေး ပန်းရောင်၊ ခပ်ဖြူဖြူ ပြောင်းဆင်းမယ်။ ရက် ၁-၂ ပါတ်ကြာမယ်။ တင်းလိုက် ရင်လိုက်လည်းဖြစ်တတ်တယ်။ သွေးခဲပါတာလည်းရှိတယ်။ သန့်ရှင်းသာလိုပါမယ်။

Breasts ရင်သား
၄၈-၇၂ နာရီအတွင်း နို့ထွက်တာတိုးတိုးလာမယ်။ တင်းမာပြီး နည်းနည်းတော့နာမယ်။ နို့ထွက်ပါစေ။ အောင်းနေရာက နို့လမ်းပိတ်တတ်တယ်။ နို့နာဖြစ်တတ်တယ်။

Perineum မွေးလမ်းဝန်းကျင်နေရာ
သန့်ရှင်းနေရမယ်။ နဂိုအနေပြန်ရောက်စေဘို့ မြန်စေမယ်။ တင်းရောင်ပြီး နာနေမယ်။ ဆောရီး။ ချုပ်ထားရင် ပိုနာနိုင်တယ်။ ပိုးသေဆေး + အနာ-အရောင်သက်သာဆေါ်တွေလိုမယ်။ ရေနွေးအိတ်ကပ်တာကောင်းတယ်။ ပိပိယိယိထိုင်တာကောင်းတယ်။ တကိုယ်ရေသန့်ရှင်းရေးလိုမယ်။ စာတပုဒ်ရေးထားပါတယ်။ ရေအိမ်ဝင်ရင် လက်ကို ရှေ့ဖက်ကနေနောက်ဖက်ကိုသာ တလမ်းသွားလုပ်ပါ။ လက်ကို မကြာခဏဆေးပါ။ ရိုးရိုးဆပ်ပြာနဲ့ရေသာ သုံးပါ။

Laceration/Episiotomy မွေးလမ်းချုပ်ရိုး
ပါသူတွေက ပိုသိတ်ထားရမယ်။ ရောင်လို့နာနိုင်တယ်။ ဆောရီး။ အနာကျက်ဖြစ်စဉ်ဆိုတာ အလိုလိုဖြစ်တယ်။ ဆေးကြောင့်ဖြစ်တာမဟုတ်ပါ။ အနာသက်သာဆေး acetaminophen or ibuprofen နဲ့ ပိုးသေဆေးသာလိုမယ်။ အနာဆေးထည့်တာမှာ Cipladine, Betadine cream ကောင်းတယ်။ ရေအိမ်ဝင်တိုင်း သုံးသင့်တယ်။ Dettol, Aseptol ကိုရေနဲ့ရောသုံးလည်းရတယ်။ အနာ ပိုနာလာရောင်လာရင် ဆရာဝန်ပြပါ။ စောပြီးချုပ်ရိုးဖြုတ်တာနဲ့ ဆေးပြောင်းတာ လိုနိုင်တယ်။ Sitz bath ရေနွေးထဲထိုင်နည်းကောင်းတယ်။ တခါထိုင် ၁ဝ မိနစ်ကြာ၊ တနေ့ ၃-၄ ခါထိုင်နိုင်တယ်။ အနာနေရာကို ပြီးရင်ခြောက်သွေ့စေပါ။ Kegel exercises ကီဂယ်လ်လေ့ကျင့်ခန်းကို စောနိုင်သမျှစောလုပ်ပါ။

Hemorrhoids လိပ်ခေါင်း
ကိုယ်ဝန်ရှိစဉ်က လိပ်ခေါင်းအနည်းနဲ့အများရှိတယ်။ ရိုးရိုးလမ်းကမွေးရင် မွေးနေစဉ်ပိုထွက်နိုင်တယ်။ မစိုးရိမ်ပါနဲ့။ အနေရခက်ရင် ရေခဲတင်ပေးနိုင်တယ်။ Witch Hazel ဆေးရည်သုံးနိုင်တယ်။ ဝမ်းချုပ်စေအောင် အသီး + အရွက်စားပါ။

Bladder ဆီးအိမ်
မွေးပြီးစရက်တွေမှာ ဆီးသွားရခက်တတ်တယ်။ စိုးရိမ်စရာမရှိပါ။ ရေသောက်မနည်းစေရ။ ဆီးသွားချင်အောင့်မထားရ။ ဆီးသွားပြီးတိုင်း ရေဆေးပါ။

Bowel ဝမ်း
တချို့ ၃-၄ ရက်ကြာဝမ်းချုပ်နေတတ်တယ်။ အနေရခက်တာရော အစားနည်းခဲ့လိုသာဖြစ်တယ်။ သွားလိုစိတ်ကို ထိန်းမထားပါနဲ့။ ဖိုက်ဘာပါတာစားပါ။ ရေ + အရည် များများသောက်ပါ။ လမ်းလျှောက်နိုင်သလောက် လျှောက်ပါ။

Menstruation ရသီပြန်လာခြင်း
ကလေးကိုနို့တိုက်သူတွေက ရာသီပြန်လာတာနောက်ကျတတ်တယ်။ သဘာဝနည်းနဲ့ ကိုယ်ဝန်တားရာကျတယ်။

Uterus သားအိမ်
ကလေးမွေးပြီးတာနဲ့ သားအိမ်က နဂိုအနေကိုပြန်ရောက်အောင်စလုပ်လာတယ်။ သေးပြီး ကျုံ့လာမယ်။ ကိုယ်ဝန်မရှိခင်အရွယ်ပြန်ရောက်အောင် (၆) ပါတ်အထိအချိန်ယူမယ်။ မွေးပြီးတာနဲ့ ဆီးစပ်နေရာမှာ စမ်းလို့ရတဲ့ သားအိမ်ဟာ တင်းမာနေမှသာကောင်းတယ်။ အဲလိုမနေသူကို Pitocin ဆေးပေးရတယ်။ မာမနေရင် သွေးဆင်းတာ ပိုများမယ်။

Fatigue အားယုတ်ခြင်း
ကလေးမွေးလိုက်ရတာ ရှိသမျှအားတွေကုန်သွားသလိုပဲ။ တလလောက်ထိကြာတတ်တယ်။ လူရောစိတ်ပါ နားပါ။ အပြုသဘောဆောင်ပါ။

Contraception ကိုယ်ဝန်တားဆေး-တားနည်း
ကလေးနို့တိုက်သူတွေက နည်းရွေးရမယ်။ တလခွဲဆိုရင်လိုပြီ။ စာတပုဒ်ရေးထားပါတယ်။

Postpartum blues/depression စိတ်ဓါတ်ကျခြင်း
တချို့မှာဖြစ်ရတဲ့ မွေးဖွါးပြီး စိတ်ဓါတ်ကျခြင်းဖြစ်တာအတွက် စာတပုဒ်ရေးထားပါတယ်။

Postpartum Nutrition အစာအာဟာရ
ရေ တနေ့ ၈-၁ဝ ခွက်သောက်ပါ။ ကလေးနို့တိုက်နေရင် တနေ့မှာ အစာ ၄-၆ ကြိမ်စားပါ။ အစားဆိုတာ လုံလောက် + မျှတအောင်စားရပါတယ်။ အစားပိုစားရမယ်ဆိုတာ အခြေခံဖြစ်တယ်။ တနေ့မှာ ၅ဝဝ ကယ်လိုရီ ပိုစားဘို့ လိုတယ်။ တနေ့မှာ ကလိုရီ ၁ဝဝဝ လောက်ရနေသင့်တယ်။ ၃ လကျော်ရင် ၂၈ဝဝ ကလိုရီစားပါ။ အမယ်စုံရမယ်။ (ကာဗွန်ဟိုက်ဒရိတ်)၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်များ၊ ဓါတ်ဆားများ၊ (ဖိုင်ဗာ)။ အော်ဂဲနစ်အစားအသောက်တွေ ရွေးစားပါ။ ကေဖင်း (ကော်ဖီ) လျှော့သောက်ပါ။ အငန်လျှော့စားပါ။

• Additional physical changes တခြားအပြောင်းအလဲတွေ
• Retention of fluid/swelling ကိုယ်ရောင်နေနိုင်တယ်။
• Initial hair loss ယာယီဆံပင်ကျွတ်နိုင်တယ်။
• Hot flashes မျက်နှာနီနေနိုင်တယ်။
• Night sweats ညချွေးထွက်နိုင်တယ်။
• Dry skin အရေပြားခြောင်သွေ့မယ်။
• Mood swings စိတ်မူအပြောင်းအလဲရှိမယ်။
• Increased urination ဆီးခဏခဏသွားချင်မယ်။
• Vaginal dryness ဗဂျိုင်းနားသွေ့ခြောက်နိုင်တယ်။
• Sexuality ခင်ပွန်းနဲ့အတူနေခြင်းစာတပုဒ်ရေးထားပါတယ်။

ဖတ်နိုင်တဲ့စာတွေ -
• Birth control methods for breastfeeding mothers နို့တိုက်မိခင်တွေအတွက် ကိုယ်ဝန်တားနည်းများ http://doctortintswe.blogspot.com/2016/06/birth-control-methods-for-breastfeeding.html
• Dysmenorrhea ရာသီလာရင်နာ http://doctortintswe.blogspot.com/2015/04/dysmenorrhea.html
• Exercise after giving birth ကလေးမွေးပြီး လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/2015/12/exercise-after-giving-birth.html
• Exercise after Surgery ခွဲစိတ်ထားပြီးသူ လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/2014/12/exercise-after-surgery.html
• Kegel Exercise for Women (ကီဂယ်လ်) လေ့ကျင့်ခန်း http://doctortintswe.blogspot.com/2015/01/kegel-exercise-for-women.html
• Lochia လိုခီယာ http://doctortintswe.blogspot.com/2016/04/lochia.html
• Mastitis and Breast Abscess နို့နာ http://doctortintswe.blogspot.com/2014/11/breast-abscess-and-mastitis.html
• Piles and Pregnancy ကိုယ်ဝန်နဲ့ လိပ်ခေါင်း http://doctortintswe.blogspot.com/2014/12/piles-q-and.html
• Postpartum depression ကလေးဖွါးပြီးဖြစ်တဲ့ စိတ်ကျရောဂါ http://doctortintswe.blogspot.com/2016/02/postpartum-depression.html
• Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ http://doctortintswe.blogspot.com/2014/11/pregnancy-pains.html
• Sitz bath ရေနွေးထိုင်နည်း http://doctortintswe.blogspot.com/2014/11/sitz-bath.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး