Schoolgirl ကျောင်းသူသတ်ပုံ

၁၉၇၁ ခုနှစ်ထုတ်၊ ဖူးငုံသစ်စ ကဗျာများ၊ အမှတ် (၃) အစိုးရ အမျိုးသမီးအထက်တန်းကျောင်း၊ တောင်ကြီးမြို့

အေးမေးမွန် (တလိုင်း)
ပြည်ထောင်စုနေ့သို့ကဗျာ
ချယ်ရီပွင့်လန်း၊ မောတို့သျှန်းက၊
မိနန်းကလေးမှာလိုက်တယ်။
မောတို့ပျော်ရာ၊
တောင်သာယာကို။.
တခါတခေါက်၊ အလည်ရောက်အောင်လာခဲ့ကွယ်။

ဒို့တာဝန်
သမီးဇံ (ရာမည - မော)
ကျောင်းသူကျောင်းသား၊
ဒို့အများ၊
ကြိုးစားမြတ်ပညာ၊
တနေ့သင်ရ။
ပညာလှ၊
ကျက်ပါ့နေ့မကွာ၊
သိပ္ပံ ဝိဇ္ဇာ၊
ကိုယ်သန်ရာ၊
လေ့လာဆည်းပူးပါ။။
ကျောင်းမှန်မှန်တက်၊
စာမခက်၊
တသက်မှတ်ကြပါ။

မှတ်ချက် -
(တစ်ခါတစ်ခေါက်) မဟုတ်ပါ။ (တစ်နေ့သင်ရ) မဟုတ်ပါ။ (တစ်သက်မှတ်ကြပါ) မဟုတ်ပါ။

ကဗျာရေးတဲ့ ကျောင်းသူတွေဟာ ကလောင်နာမည်တွေအရ တိုင်းရင်းသူလေးတွေဖြစ်ကြတယ်။

ရွှေဗမာတွေ၊ ရွှေဆရာတွေ၊ ရွှေဆရာကြီးတွေ၊ ရွှေစာရေးဆရာတွေ၊ ရွှေကဗျာဆရာတွေ။ ရွှေအယ်ဒီတာတွေ။ ရွှေ့ တွေ သိကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၆
Photos from Aye Aye Mon

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး