Septic Shock ဆက်ပတစ်ရှော့ခ်

ဆရာ သွေးထဲကို ပိုးဝင်လို့ သွေးဆိပ်တတ်တဲ့အကြောင်း သိချင်ပါတယ်

Septic shock ဘောက်ဆင်ချန်ပီယံ သေဆုံးရတဲ့အကြောင်းရင်းလို့ရေးထားတယ်။ ဆက်ပတစ်ရှော့ခ်ဆိုတာ ရောဂါပိုးဝင်ရာကနေထွက်တဲ့ အဆိပ်အတောက်တွေကြောင့်ဖြစ်တာပါ။ အသက်ကြီးသူတွေမှာ ခုခံအားနည်းနေလို့ သေဆုံးတဲ့အထိဖြစ်နိုင်တယ်။ ပိုးဝင်တိုင်း ရောင်ရမ်ဖြစ်စဉ်ဖြစ်တယ်။

အလွန်သေးငယ်လှတဲ့သွေးခဲလေးတွေဖြစ်လာတယ်။ အရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ မရှိမဖြစ်တဲ့ အောက်စီဂျင်မရဖြစ်လာနိုင်တယ်။ အဲဒီအစိတ်အပိုင်းက အလုပ်မလုပ်နိုင်ဖြစ်လာမယ်။ သွေးဖိအားကျဆင်းရာကနေ သေဆုံးရတယ်။ အထူးကုသဆောင်တွေမှာထားရတဲ့ လူနာတွေက အဲလိုနဲ့ ကွယ်လွန်ရတတ်တယ်။

ပိုးဝင်တာက တကိုယ်လုံးရောက်တာကို သွေးထဲပိုးဝင်တာလို့ခေါ်တယ်။ အရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆိုတာ ကျောက်ကပ်လည်းပါတယ်။ ခြေလက်တွေမှာပိတ်ရင် တစ်ရှူးတွေသေမယ်။ (ဂင်ဂရင်း) လို့ခေါ်တယ်။ ဖြစ်တဲ့ခြေ-လက် ဖြတ်ပေးရတယ်။

ဖြစ်တဲ့အရေပြားမှာ အရောင်ပြောင်းလာမယ်။ ဆီးသွားတာနည်းလာမယ်။ စိတ်မကြည့်လင်ဖြစ်မယ်။ အသက်ရှူရ ခက်လာမယ်။ နှလုံးအလုပ်မမှန်ဖြစ်လာမယ်။ မြန်လာမယ်။ အားနည်းမယ်။ ကိုယ်အေးစက်လာမယ်။
ပိုးဆိုးတာတွေက ဗက်တီးရီးယား၊ ဖန်းဂတ်စ်နဲ့ ဗိုင်းရပ်စ်တွေဖြစ်တယ်။

အသက်ကြီးသူတွေ၊ ကျန်းမာရေးမကောင်းဖြစ်နေသူနာတာရှည်လူနာတွေမှာ ဖြစ်နိုင်တယ်။ မွေးစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်းဖြစ်နိုင်တယ်။ HIV ရှိနေသူလည်းဖြစ်နိုင်တယ်။ ဆီးချိုရှိနေသူတွေလည်း ပါတယ်။

စောစောသိရင် ပိုးသေဆေးကို သွေးကြောထဲကနေသွင်းပေးရတယ်။ ပိုးသေဆေးအပြင် သွေးဖိအားတက်ဆေးပေးရမယ်။ ကော်တီကိုစတီရွိုက်ဆေးလည်းလိုမယ်။

Septicemia ဆက်ပတီဆီးမီးယား ဆိုတာက သွေးထဲပိုးရောက်တာ။ Bacteremia လို့လည်းခေါ်တယ်။ Blood poisoning လို့လည်းခေါ်တယ်။ ဆက်ပတီဆီးမီးယားကနေ ဆေးမကုရင် Sepsis ဆက်ပဆစ် ဖြစ်လာနိုင်တယ်။ မတူကြပါ။ တကိုယ်လုံးကိုပိုးရောက်တာကိုသာ ဆက်ပဆစ်ခေါ်တယ်။ သွေးခဲလေးတွေဖြစ်ရာကနေ အောက်စီဂျင်မရဖြစ်စေမယ်။

ဆီးလမ်းပိုးဝင်ခြင်း၊ အဆုပ်ပိုးဝင်ခြင်းနဲ့ နူမိုးနီးယား၊ ကျောက်ကပ်ပိုးဝင်ခြင်း၊ ဗိုက်ထဲပိုးဝင်ခြင်းတွေကနေ ဆက်ဖြစ်နိုင်တယ်။ မူလနေရာကဗက်တီးရီးယားတွေ နေရာအနှံ့ရောက်လာမယ်။ ပွါးများလာတယ်။ ဆေးရုံတက်လူနာတွေ၊ ခွဲစိတ်လူနာတွေမှာ ဆက်ဖြစ်နိုင်တယ်။ မီးလောက်နာရှိသူတွေ၊ အသက်သိပ်ငယ်သူ ကြီးသူတွေ၊ ခုခံအားမကောင်းသူတွေ၊ ဆီးပိုက်တပ်ထားရသူတွေ၊ စက်နဲ့အသက်ရှူနေရသူတွေမှာ ဖြစ်လာနိုင်တယ်။

ဖြစ်လာရင် မြန်တယ်။ အေးစက်လာမယ်။ အသက်ရှူမြန်လာမယ်။ နှလုံးခုန်မြန်လာမယ်။ ပိုဆိုးလာရင် စိတ်မကြည်မလင် ဖြစ်လာမယ်။ ပျို့အန်မယ်။ အရေပြားအနီစက်လေးတွေပေါ်လာမယ်။ ရှော့ခ်ရမယ်။

Sepsis ဆက်ပဆစ် ဆိုတာ ရောဂါပိုးအတွက် ခုခံအားနစ်က အပြင်းအထန်ခုခံလို့ဖြစ်တယ်။ တကိုယ်လုံး ရောင်ရမ်းဖြစ်စဉ် ဝင်လာမယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အလုပ်မလုပ်နိုင်ဖြစ်တာနိုင်တယ်။ HIV ရှိသူတွေနဲ့ ကင်ဆာ ရှိသူတွေက သတိထားရမယ်။ Septic Shock သွေးဖိအားသိပ်ကျတာကို ဆက်ပတစ် ရှော့ခ် လို့ခေါ်တယ်။ အဆိပ်တွေကနေ ဖြစ်စေတယ်။ Acute Respiratory Distress Syndrome (ARDS) ခေါ် ရုတ်တရက် အသက်ရှူလမ်း ဖိအား သက်ရောက်ခံရခြင်းလည်း ဆက်ဖြစ်လာနိုင်တယ်။

ဖျားမယ်။ ချမ်းမယ်။ နှလုံးခုန်မြန်မယ်။ အသက်ရှူမြန်မယ်။ စိတ်မကြည်မလင်ဖြစ်လာမယ်။ ပိုဆိုးရင် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို သက်ရောက်မယ်။ သတိလစ်မယ်။ သွေးမှုံနည်းမယ်။ ဆီးနည်းမယ်။

ပိုးသေဆေး ရွေးပေးရမယ်။ အနာသက်သာဆေးပေးရမယ်။ ကျောက်ကပ်မကောင်းရင် ကျောက်ကပ်စစ်ပေးရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး