Tongue Class ဗူးသီးကြော်စကား

Hla Hla Myint မြန်မာနိုင်ငံဆရာဝန်အသင်း မန္တလေး အမျိုးသမီးအဖွဲ့မှကြီးမှူး၍ အင်္ဂလိပ်စကားပြော အခြေခံသင်တန်းကို ၂၇-၆-၂ဝ၁၆ မှ စက်တင်ဘာလကုန်အထိ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နေ့လယ် ၁ နာရီမှ ၄ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။ စိတ်ဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပါတယ်။

Tint Swe ဗမာစကားပြောသင်တန်းရှိရင် ပြောပါအုန်း။

အဟုတ်ပြောနေတာ။ ကွန်ပလိန့်တွေမှာ အထူးကုဆရာဝန်တွေမှာ စကားပြောချိန်မရှိကြလို့တဲ့။

လူနာတွေနဲ့စကားပြောရတာ လွယ်တာတော့မဟုတ်ပါ။ ပြည်ပမှာ ဆေးခန်းဖွင့်တော့ လူနာတွေက ချင်းပြည်နယ်ကလာသူတွေ။ ဗမာစကားကို ချပြောမှရတယ်။ မျိုးပွါးလမ်းရောဂါ စကားလုံးရှာမရတာကများတယ်။ လက်ဟန်ခြေဟန်နဲ့လည်း မဖြစ်။ အညစ်အကြေးကျ တစ်တစ်ခွခွပြောမှ။ ပြီးရင် ကိုယ့်ပါးစပ်ကို တစ်ရှူးနဲ့သုတ်ပြစ်ရတယ်။

ယူအက်စ်အေမှာလည်း ချင်းပြည်နယ်ကလာသူက အလွန့်အလွန်များတယ်။ နေရာဌာနတွေမှာ စကားပြန်အလုပ်တွေ ရနေတာကလည်း သူတို့ပဲ။ သူတို့ပြောတဲ့ဗမာစကားကို ဗမာတွေ၊ ကချင်တွေ၊ မွန်တွေ၊ ရခိုင်တွေ၊ ကရင်တွေက နားမလည်ကြတာများတယ်။

မြန်မာပြည်မှာ ဗမာစကားကိုလူမျိုးကြီးဆိုပြီး လက်မခံချင်ကြ။ အင်္ဂလိပ်ကျ ဗိုလ်ရူးတဲ့။ ဗူးသီးကြော်စကားပဲ လွှမ်းမိုးလာတာ အဲတာကြောင့်။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး