Two breeds of Comments ကွန်မင့်နှစ်မျိုး

ကျွန်တော့်ပို့စ်တခု = ဒေါ်စုမွေးနေ့ မမေ့

ကွန်မင့်တခု = Myat Htun အဓိပ္ပါယ်များစွာဖြင့်

ကွန်မင့်တခု = ငါနင့်ကိုဘဲ ချစ်တယ် ငါနင့်ကိုဘဲ ချစ်တယ် ဘုန်းတော်ဘွဲ့တွေချည်း မရေးပါနဲ့လား ဆရာ ...... ဝေဖန်ထောက်ပြအကြုံပြုတာတွေလည်း ကြားချင်ပါသေးတယ် ဆရာ ........

ဒုတိယကွန်မင့်ပေးသူက စာကိုဖတ်ရဲ့လားတော့ မသိပါ။ မဖတ်ရသေးရင်တော့ ဖတ်စေချင်တယ်။ ဖတ်ပြီးနောက်မှာ ဒီကွန်မင့်ထက် အနုတ်သဘောပြောချင်လည်း အချက်အလက်လေးတွေနဲ့ ပြောပါ။ ထပ်မပြောလာရင်တော့ ကွန်မင့်ကိုဖက်ပါရစေ။ ဆောရီးလို့ သူ့ချတ်ဘောက်စ်အထိသွားပြီး ရေးလိုက်ပါတယ်။

ကျွန်တော် နိုင်ငံရေးစာတွေရေးနေတာ မနည်းမနောပါ။ ကျွန်တော့်စာတွေထဲမှာ ဒေါ်စုကို ဘာဆုတွေရတယ်၊ ဘယ်လောက်တော်တယ် စသဖြင့် တခါမှမရေးဖူးပါ။ ဒေါ်စုပုံကိုတောင်မှ မဖြစ်လှသာတင်ပါတယ်။ အခုပုံကလည်း ဝဘ်ဆိုက်က ဒီဇိုင်းလုပ်ပေးထားလို့ပါ။

နိုင်ငံရေးမှ မဟုတ်သေးပါ။ ကိုးကွယ်တဲ့ဘာသာမှာ ဘုရားပုံတော်ကို တခါမှမတင်ဖူးပါ။ ဘယ်ဘုရင့်ကိုမှလည်း ချီးမွမ်းခန်းမဖွင့်ဖူးပါ။ ဒေါ်စုမွေးနေ့ကိုအကြောင်းပြုပြီး၊ ပြည်ပမှာ ဒီမိုကရေစီရေးဆောင်ရွက်သူတွေ ဘယ်လိုက ဘယ်လိုလုပ်ကြရတယ်။ နိုင်ငံရေးရေချိန် အတက်အကျ၊ နိုင်ငံတကာရဲ့ မတူကြတဲ့ချဉ်းကပ်မှုတွေ၊ အဲလိုသာရေးထားကို ဖတ်တဲ့သူတွေသိပါမယ်။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး