မြသန်းတင့် တရားခံလော

စစ်နှင့်ငြိမ်းချမ်းရေး ၈ နှင့်စပ်လျဉ်း၍

စာဖတ်သူတို့သည် ဤ ‘စစ်နှင့်ငြိမ်းချမ်းရေး’ ဝတ္ထုကြီးထဲ၌ စစ်၏ကြောက်ဖွယ်သဘာဝကို မြင်ကြရလိမ့်မည်။ စစ်လူတန်းစား၏ အမူအကျင့်တို့ကို တွေ့ကြရလိမ့်မည်။ စစ်၏သားကောင်များသရုပ်ကို ဖတ်ရှုကြရလိမ့်မည်။
“စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးသည် စစ်နှင့်စစ်လူတန်းစားကို စွဲဆိုလိုက်သော စွဲချက်ကြီးတခုဖြစ်သည်” ဟု ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး အီး၊ အမ်ဖောစတားက ရေးခဲ့၏။

အီး၊ အမ်ဖောစတားက ပြောသကဲ့သို့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးသည် ‘စွဲချက်ကြီး’ တရပ်ဟုဆိုလျှင် ထိုဝတ္ထုကြီးထဲတွင် ဖော်ပြထားသည့်စစ်ပွဲများသည် ‘ရာဇဝတ်မှုကြီး’ များဖြစ်ကြရပေလိမ့်မည်။ ထိုဝတ္ထုကြီးထဲတွင် ပါဝင်လှုပ်ရှားကြသည့် နပိုလီယန်၊ အလက်ဇန်းဒရားအမှူးပြုသော စစ်လူတန်းစားတရပ်လုံးသည် ‘တရားခံများ’ ဖြစ်ကြရပေလိမ့်မည်။့

‘စွဲချက်ကြီး’ တစ်ရပ်လို့ မရေးခဲ့တဲ့၊ စစ်လူတန်းစားတစ်ရပ်လုံးသည်လို့ မရေးခဲ့တဲ့ ဆရာမြသန်းတင့် သတ်ပုံမှားပါသလား။ ဆရာမြသန်းတင့်ရဲ့ ခန်းဆောင်နီအိပ်မက်အပါအဝင် နောက်ထုတ်စာအုပ်တွေထဲမှာတော့ (တစ်) တွေနဲ့သာ ရိုက်နှိပ် ထုတ်ဝေထားပါတယ်။

မြန်မာစာ ၂၁ ရာစုမှာ ငြိမ်းချမ်းရေးရပါစေသည်း။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး