လူထုဦးလှနဲ့ ရွှေကိုင်းသား မှားသလား

လူထုဦးလှစာအုပ်ကို ရွှေကိုင်းသားကနေ အမှာစာရေးပေးပါတယ်။

“သတင်းစာဟူသည် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောကကြီး၏ တနေ့အဖို့ ရာဇဝင်ပင်ဖြစ်ပေသည်။ ထို့ကြောင့် လွန်လေပြီးသော မှတ်စုမှတ်တမ်းများထက် ကျွန်ုပ်တို့အဖို့ ယနေ့သတင်းပေးသော သတင်းစာက ပို၍ အရေးရောက်လေသည်” ဟူ၍ အက်(ပ) ဘီဆန်သွန် ဆိုသူက ဆိုဘူးလေသည်။

၎င်းကို ရှုထောင့်တထောင့်မှနေ၍ “သတင်းစာသည် တိုင်းပြည်အဖြစ်အပျက် ကမ္ဘာ၏အဖြစ်အပျက်များကို နေ့စဉ် ဖေါ်ပြလျှက်ရှိရာ ယခုကာလအဖြစ်အပျက်တို့သည် နောင်အနှစ်တရာလောက်ကြာသောအခါ သတင်းအဖြစ်မှ ရာဇဝင် အဖြစ်သို့ရောက်ရှိပြီး သတင်းစာဖိုင်တွဲကို ရာဇဝင်စာအုပ်အဖြစ် ဖတ်ရှုကြရပေလိမ့်မည်” ဟု အချို့က တနည်းတဖုံ အဓိပ္ပါယ်ဖွင့်ပြကြပေသေးသည်။

သတင်းစာသည် ကမ္ဘာလောကကြီး၏ တနေ့အဖို့ ရာဇဝင် သို့မဟုတ် ယနေ့သတင်းတပုဒ်သည် နက်ဖြန်တွင် ရာဇဝင် မှတ်တမ်းတစောင်အဖြစ်သို့ ကူးပြောင်းသွားနိုင်သည်ဟုဆိုလျှင် ယခု လူထုဦးလှ စီစဉ်စုပေါင်း ထုတ်ဝေလိုက်သော ရှေးဟောင်း မြန်မာသတင်းစာကောက်နှုတ်ချက်များသည် တကဲ့ရာဇဝင်မှတ်တမ်းတင် စာစောင်အဖြစ်ဖြင့် ချွင်းချက်မရှိ လက်ခံရပေမည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသည့် သတင်းစာကောက်နှုတ်ချက်များသည် မနေ့တနေ့က ထုတ်ဝေထားသည့် မျက်မှောက်ခေတ်သတင်းစာများမဟုတ်ဘဲ လွန်ခဲ့သည့်အနှစ် ၉ဝ အတွင်းက ထုတ်ခဲ့သည့် မြန်မာဂေဇက်သတင်းစာ (မြန်မာ ၁၂၃၃။ ခရစ် ၁၈၇၁-၇၂)၊့

မှတ်ချက် -
- တစ်နေ့အဖို့ မဟုတ်။
- ရှုထောင့်တစ်တောင့်မှနေ၍ မဟုတ်။
- အနှစ်တစ်ရာလောက်ကြာသောအခါ မဟုတ်။
- တစ်နည်းတစ်ဖုံ မဟုတ်။
- တစ်နေ့အဖို့ မဟုတ်။
- မှတ်တမ်းတစ်စောင်အဖြစ်သို့ မဟုတ်။
- တစ်ကဲ့ရာဇဝင်မှတ်တမ်းတင် မဟုတ်။
- မနေ့တစ်နေ့က မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး