မတ်လ တော်လှန်ရေး (ဒဂုံတာရာ)

မိုးကုပ်ကုပ်ဝယ်
အို - ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အာရုဏ်ပေါ်စ ဝိုးတဝါး။

မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ အနီးမဝေး
ချောင်းရိုးဘေးမှ၊ ဖြေးဖြေးညှင်းညှင်း
လှေတစင်းထက်၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွှေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှာ စက်သေနတ်။

မှတ်ချက် -
အို - ရုတ်တစ်ရက်၊ လှေတစ်စင်းထက်လို့မရေးတဲ့ ဒဂုံတာရာမှားသလား။
(အရုဏ်) သတ်ပုံက ပိုမှန်မယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး