ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်

အဘိဓမ္မာပိဋကတ်
ပုဂ္ဂလပညတ် ပါဠိတော် မြန်မာပြန်

့
၃၂။ နှစ်ဘဝသုံးဘဝ စသည် တမျိုးမှတမျိုး၌ဖြစ်၍ ပဋိသန္ဓေနေသော ကောလံကောလ ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုံးပါးသောသံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏။ အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိ။ ကိန်းသေမြဲ၏။ အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာ၏။ ထိုပုဂ္ဂိုလ်သည် နှစ်ဘဝ၎င်း သုံးဘဝ၎င်း အမျိုးမျိုးတို့၌ ကျင်လည်ပြေးသွား၍ ဆင်းရဲ၏အဆုံးကိုပြု၏။ ဤပုဂ္ဂိုလ်ကို နှစ်ဘဝ သုံးဘဝသည် တမျိုးမှတမျိုး၌ဖြစ်၍ ပဋိသန္ဓေနေသော ကောလံကောလပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃၃။ တဘဝသာ ပဋိသန္ဓေမျိုးစေ့ရှိသော ဧကဗီဇီပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုံးပါးသောသံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏။ အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိ။ ကိန်းသေမြဲ၏။ အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာ၏။ ထိုပုဂ္ဂိုလ်သည် တကြိမ်သာလျှင် လူ့ဘဝ၌ဖြစ်၍ ဆင်းရဲ၏အဆုံးကိုပြု၏။ ဤပုဂ္ဂိုလ်ကို တဘဝသာလျှင် ပဋိသန္ဓေမျိုးစေ့ရှိသော ဧကဗီဇီပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

တစ်မျိုးမှတစ်မျိုး၌ဖြစ်၍ မဟုတ်။ တစ်ဘဝသာ မဟုတ်။ တစ်ကြိမ်သာလျှင် မဟုတ်။ တစ်ဘဝသာလျှင် မဟုတ်။

ဆဋ္ဌသံဂါယနာတင် ဆရာတော်ကြီးများထက် မြန်မာစာ တော်ကြတတ်ကြကုန်သော မြန်မာစာဆရာကြီးများ၊ စာရေးဆရာများ၊ ကဗျာဆရာများသိစေရန်
-

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး