Gone wild ရာဇဝင်ရိုင်း

လူထုဦးလှရေးခဲ့တဲ့စာအုပ် အမှာစာမှာ ရွှေကိုင်းသားကရေးပါတယ်။ သတင်းစာတွေထဲက နေ့စဉ်အဖြစ်အပျက်တွေဟာ နောင်တချိန်မှာ ရာဇဝင်တွေဖြစ်လာတယ်လို့။

ဦးလှစာအုပ်တွေကို ထပ်ထုတ်တော့ တ နေရာတွေမှာ တစ် လုပ်ကြရင်တော့ ရာဇဝင်ရိုင်းပါလိမ့်မယ်။

- အစဉ်အလာဖျောက် အရင်စာပျောက်
- အတွေးအကြံကောက် အရေးမှန်ဖျောက်
- ဖျောက်ချင်တာဖျောက်၊ ပျောက်ချင်တာပျောက်
- ဖျောက်တိုင်းမပျက်၊ ဖျက်တိုင်းမစင်
- ရာဇဝင်ရိုင်း သွေးသမိုင်းကို
- ပြည်သူတွေ တွေးတိုင်းတွေးတိုင်း နာကျည်းစေ။

မှတ်ချက်။ အောက်ဆုံး လေးကြောင်းက မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာထဲကဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး