HPV vaccine news သားအိမ်ဝ (ခေါင်း) ကင်ဆာကာကွယ်ဆေး သတင်း

၂၃-၇-၂ဝ၁၆ နေ့ထုတ် ဆဲဗင်းဒေးသတင်းဖတ်ရပါတယ်။ သင်္ဃန်းကျွန်း၊ သာကေတ၊ ရွှေပြည်သာနဲ့ သန်လျင်မြို့နယ်တွေမှာ ဖွင့်ထားတဲ့ MarieStopes Myanmar ဆေးခန်းတွေမှာ သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်စစ်ဆေးပေးခြင်းနဲ့ တွေ့ရှိရင် ကုသပေးခြင်းပါလုပ်ပေးတယ်လို့ဖတ်ရပါတယ်။ မြန်မာနိုင်ငံမှာ ရင်သားကင်ဆာပြီးရင် သားအိမ်ခေါင်းကင်ဆာက ဒုတိယအဖြစ်များဆုံးနဲ့ မျိုးပွားအင်္ဂါရောဂါတွေထဲမှာ အဖြစ်များဆုံးလို့ဆိုပါတယ်။

သတင်းထဲမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ခြောက်လတစ်ကြိမ်ခြားပြီး နှစ်ကြိမ်ထိုးနှံရမယ်လို့ပါတယ်။ ကျွန်တော်သိတာနဲ့ နည်းနည်းကွဲလွဲနေပါတယ်။ ဆောရီး။ ကျွန်တော်က ပြည်တွင်းမှာနေရတဲ့ ဆရာဝန်တော့ မဟုတ်ပါ။

၁၉-၇-၂ဝ၁၆ နေ့မှာ အမေရိကန်ကင်ဆာအသင်းကနေ ထောက်ခံချက်ပေးလိုက်တဲ့သတင်းရှိပါတယ်။ အသက် ၁၁ နှစ်နဲ့ ၁၂ နှစ် မိန်းကလေး + ယောက်ျားလေးတွေကို HPV ကာကွယ်ဆေးထိုးသင့်တယ်။

HPV သားအိမ်ဝ (ခေါင်း) ကင်ဆာကာကွယ်ဆေး နောက်ဆုံးလမ်းညွှန် -
• မိန်းကလေးတွေ အသက် ၁၁-၁၂ နှစ်ကနေစထိုးသင့်တယ်။ အငယ်ဆုံး ၉ နှစ်လည်းထိုးနိုင်တယ်။ မထိုးရသေးတဲ့ မိန်းကလေးတွေ့ရင် အသက် ၁၃ နှစ်နဲ့ ၂၆ နှစ်ကြား ထိုးသင့်တယ်။
• ယောက်ျားလေးတွေဆိုရင် အသက် ၁၃ နှစ်ကနေ ၂၁ နှစ်အထိ ထိုးသင့်တယ်။ ၁၃-၂၆ လည်းထိုးနိုင်တယ်။
• မိန်းကလေးတွေကို 2vHPV နဲ့ 4vHPV ကာကွယ်ဆေးရရင်ထိုးပါ။ အဲတာမဟုတ်ရင် 9vHPV ထိုးပါ။
• 2vHPV, 4vHPV နဲ့ 9vHPV ကာကွယ်ဆေးတွေကနေ ဗိုင်းရပ်စ်အမျိုးအစား ၁၆ နဲ့ ၁၈ ကိုကာကွယ်ပေးမယ်။ အဲတာတွေကနေ သားအိမ်ဝကင်ဆာ ၆၆% နဲ့ လိင်လမ်းကြွက်နို့နဲ့ဆိုင်တဲ့ အများဆုံးရောဂါတွေကိုဖြစ်စေတယ်။
• ယောက်ျားလေးတွေကို 4vHPV ကာကွယ်ဆေးရရင်ထိုးပါ။ အဲတာမဟုတ်ရင် 9vHPV ထိုးပါ။
• 9vHPV ဆေးကနေ နောက်ထပ်ပိုး ၅ မျိုးကိုပါကာကွယ်မယ်။ အဲတာတွေက သားအိမ်ဝကင်ဆာ ၁၅% ကို ဖြစ်စေတယ်။
• 4vHPV နဲ့ 9vHPV တွေကနေ ၆ နဲ့ ၁၁ ကိုကာကွယ်ပေးမယ်။ အဲတာတွေက စအိုလမ်းကြွက်နို့ကိုကာကွယ်မယ်။
• 2vHPV, 4vHPV နဲ့ 9vHPV ကာကွယ်ဆေး (၃) လုံးထိုးရမယ်။ အခုချက်ချင်း ပဌမအကြိမ်ထိုးပါ။ အဲဒီနောက် ၁-၂ လမှာ ဒုတိယအကြိမ်ထိုးပါ။ တတိယဆေးကို ပဌမဆေးနောက် (၆) လမှာထိုးပါ။ အချိန်နည်းနည်းလွဲသွားပေမယ့် ဆေးကို အစကနေပြန်စဖို့ မလိုအပ်ပါ။
• အရင်ထိုးခဲ့တဲ့ဆေးက ဘာမှန်းမသိရင် ရှိတဲ့ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ယောက်ျားလေးဆိုရင်တော့ 9vHPV သို့ 4vHPV ကိုသာထိုးသင့်တယ်။
• 4vHPV နဲ့ 9vHPV ဆေးတွေကို ရိစ်ခေါ် တဆေးနဲ့မတည့်သူတွေက မထိုးသင့်ပါ။
• 2vHPV ဆေးကို လေးတက်စ် ခေါ် လက်အိတ်နဲ့ ကွန်ဒွမ်လုပ်တဲ့ ရာဘာမတည့်သူတွေက မထိုးသင့်ကြပါ။
• HPV vaccines ကာကွယ်ဆေးတွေကို ကိုယ်ဝန်ဆောင်နေချိန်မှာ မထိုးရပါ။ အသစ်ထိုးတာဖြစ်ဖြစ် ကျန်နေတာ ဖြစ်ဖြစ် ကလေးမွေးပြီးမှာသာ ထိုးပါ။ ကာကွယ်ဆေးမထိုးခင်မှာ ကိုယ်ဝန်ရှိမှရှိတော့ စစ်စရာမလိုပါ။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး