မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, January 23, 2017

Letrozole ဟော်မုန်းဆေး

၁။ ဆရာရှင့် ယခုကလေးရရန်ထပ်ကြိုးစားနေပါတယ်။ ဆရာဝန်ကဒီတခါ Clomid မပေးပဲ ဆေးအသစ်ထပ်ပေးပါတယ်။ Letroz ဆိုတဲ့ဆေးပါ။ ၄ လစာပေးထားပါတယ်။ ဒါကြောင့် ဒီ Letroz ဆေးရဲ့အကျိုးအာနိသင်ကိုသိချင်ပါတယ်ဆရာ။ ဆရာကျန်းမာပါစေ။

၂။ သမီးကလေးလိုချင်လို့ OG ပြတာ အမျိုးသားရော အမျိုးသမီးကော ၂ ယောက်လုံးစစ်ပြီးပါပြီရှင့်။ ၂ ယောက်လုံး ကောင်းပါတယ်တဲ့။ ရာသီဒုတိယရက်ကနေစပြီး ၅ ရက် သောက်ဖို့ Letroz ပေးပါတယ်ရှင့်။ အဲ့ဒီသားဥကြွေဆေးရဲ့ ကောင်းကျိုးဆိုးကျိုးပြောပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Letroz ဆေးဟာ Letrozole ဆေးဖြစ်မယ်။ non-steroidal aromatase inhibitor အမျိုးအစားဖြစ်တယ်။ Femara နဲ့ Liquifem နာမည်တွေနဲ့လည်းလာတယ်။ အီစထိုဂျင်ဟော်မုန်းဆန့်ကျင်တဲ့ဆေးအဖြစ် သုံးတယ်။ ဟော်မုန်းနဲ့ဆိုင်တဲ့ ရင်သားကင်ဆာ ခွဲပြီးသူကိုလည်းပေးတယ်။ ကြေးစားအားကစားသမားတွေသုံးတယ်။ အရေပြားအဆီပျံတာ၊ ဝက်ခြံများတာ၊ ယောက်ျား ရင်သားထွက်တာတွေကိုပေးတယ်။ ကိုယ်ခန္ဓာ အလုပ်တွေကို များများလုပ်စေတယ်။ အဆီကို လောင်ကျွမ်းစေတယ်။ LDL ခေါ်ဆိုးတဲ့ ကိုလက်စထော ကျစေတယ်။

ရင်သားကင်ဆာကို Letrozole 2.5 mg တနေ့ ၁ ပြား၊ ၃-၆ ပါတ်ကြာပေးလေ့ရှိတယ်။ Femara 2.5 mg ဆေးကနေ အီစထိုဂျင် သက်ရောက်မှုတွေကို နည်းစေတယ်။ အားကစားသမားတွေကို Letrozole 0.5-1.0 mg တနေ့ ၁ ကြိမ် ပေးတယ်။

ဘေးထွက်သက်ရောက်မှုတွေကို သတိထားရမယ်။ မျက်နှာနီမြန်တာ၊ ညချွေးထွက်တာ၊ အရိုးနာတာ၊ အစားပျက်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ချောင်းဆိုးတာ၊ ရင်သားနာတာတွေဖြစ်နိုင်တယ်။ ကိုလက်စထောများတာ၊ အရိုးအားနည်းတာ၊ သွေးခဲတတ်တာ၊ နှလုံးရောဂါရှိတာ၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါရှိသူတွေကို မပေးသင့်ပါ။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေသူတွေကိုမပေးရပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.