Mandalay အုတ်ကျစ်ကျော်အေး မန္တလေး

Htein Lin မန္တလေးကို တည်ထောင်တဲ့ခုနှစ် သိပါရစေဆရာ။

၁၃-၂-၁၈၅၇ နေ့မှာ မန္တလေးမြို့သစ်ကို မင်းတုန်းမင်းက အုတ်မြစ်ချခဲ့တယ်။ မြန်မာပြက္ခဒိန်နှစ်အရ ၁၂၂၁ ဖြစ်ပါတယ်။ (အုတ်ကျစ်ကျော်အေး မန္တလေး) လို့ အမှတ်ရလွယ်အောင်လုပ်ပေးထားလို့ မေ့စရာမရှိပါ။ မန္တလေး ရတနာပုံ ရွှေမြို့တော်လို့ ခေါ်ခဲ့ကြတယ်။

တည်ထောင်တဲ့နှစ် ၁၂၂၁ ဟာ သာသနာသက္ကရာဇ် ၂၄ဝဝ နဲ့ကိုက်ညီတယ်။ အဲတာကြောင့် မန္တလေးမြို့မှာ တာပေါင်း ၂၄ဝဝ ရှိတယ်။ (၇) တောင်ကို (၁) တာ လို့ထွက်ချက်ပါတယ်။

ရှေးကတည်း သိုက်စာရှိခဲ့တယ်လို့လည်းပြောစမှတ်ဖတ်ရတယ်။ မန္တလေးအရပ်မှာ မြို့ပြထီးနန်း တည်ထောင်လိမ့်မယ်၊ ဒီမင်းဟာ အင်္ဂါသားဖြစ်ရမယ်၊ သာသနာပြု မင်းကောင်းမင်းမြတ်လည်းဖြစ်လိမ့်မယ်၊ သက်တော်လည်း ရှည်လိမ့်မယ်၊ ဘုန်းတန်ခိုးလည်း ကြီးလိမ့်မယ်။

မြန်မာသက္ကရာဇ် ၁၃၂၁ ခုနှစ် (ခရစ် ၁၉၅၉ ခုနှစ်) တွင် ရွှေမန်းမြို့တော်သူမြို့တော်သားတို့သည် မန္တလေးမြို့တည် နန်းတည် အနှစ်တရာပြည့် အထိမ်းအမှတ် သဘင်ပွဲကို ခမ်းနာသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ပေသည်လို့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉)၊ စာမျက်နှာ (၃၂၄-၃၂၈) မှာ ရေးထားပါတယ်။ (တစ်ရာပြည့်) မဟုတ်ပါ။

မန်းရာပြည့်ပွဲကိုကျင်းပတော့ ကျွန်တော်ကအသက် (၁၁) နှစ်သားရှိနေပြီ။ အဆိုတော်မာမာအေးဟာ အဲဒီမန္တလေးရာပြည့် ဂီတပြိုင်ပွဲမှာ သီချင်းဆိုရွှေတံဆိပ်ရပြီး သူမတူအောင်နာမည်ကြီးလာခဲ့တယ်လို့ မှတ်မိနေတယ်။

မန်းရတနာပုံနေပြည်တော် ကောဇာသက္ကရာဇ် အခါသမယ ထောင့်နှစ်ရာနှစ်ဆယ့်တနှစ်ကြာမှ သိုက်မြိုက်ရွှင်ကြည်၊ ဗျာဒိတ်တော်ကိုက်ညီ ဓါတ်ကိန်းနော်ဆိုက်ပြီ၊ ဘဝရှင် မင်းတုန်းမင်းမြတ်သည် ခုနစ်ဌာန ပဏ္ဍက်ချကာသာတည် xx ရွှေမြို့တော်၊ ကျုံးတော်၊ မဟာလောကမာရဇိန် စေတီတော်၊ သိမ်တော်၊ မဟာအတုလဝေယံကျောင်းတော်၊ ပိဋက တိုက်တော်၊ သုဓမ္မာဇရပ်တော်၊ ခွန်နှစ်ဌာနမည် ဝေယံဘုံခန်း နတ်နန်းပမာတည် xx

(ရတနာပုံ မင်းနေပြည်)၂ xx ရှေးတုန်းအခါက ထီးပေါင်းကားရွာမအမည် (ဂဝံပတေ့ သိုက်စာရှိသည်)၂ xx ထီးဘုရင် မဟာသည်၊ ပညာရှိမှူးမတ်များနှင့် ညှိနှိုင်းပြီး နန်းအမရရွှေဘုံမြေဆီ လူတိုင်းပါးစပ်ဖျား မရပ်မနား ဆိုကြသည်၊ အသက်ကယ်ရှည်စေလို မြနန္ဒာရေညိုသန်း ရွှေမန်းတောင်ရိပ်ခို၊ အသက်ကလေးရယ်တဲ့ ရှည်စေလို မြနန္ဒာရေညိုသန်း ရွှေမန်းတောင်ရိပ်ခို xx

အတိတ်တဘောင် နိမိတ်ဆောင် မူးမန်းမြေယူလို့ ရတနာပုံ မြို့နန်းတည်၊ အုတ်ကျစ်ကျော်အေး မန္တလေး တွင်လေသည် xx

ရှင်အာနန္ဒာ ဒေသစာရီကြွချီတော်မူစဉ်က စန္ဒမုခီ ဘီလူးမဟာ ကြည်ညိုသဒ္ဓါပွါးပြီး ရင်သားအစုံကိုဖြတ်လှူခဲ့တယ်။ ရှင်အာနန္ဒာက မန္တလေးတောင်ကနေ လက်ညှိုးညွှန်ပြီး ဒီအရပ်မှာ နောင်တချိန်မှာ သာသနာ့ဒါယိကာ မင်းတုန်းမင်းနဲ့ သာသနာတော် စည်ပင်ထွန်းကားလိမ့်မယ်လို့ ဗျာဒိတ်တော်ထားခဲ့တယ်။ မန္တလေးတောင်မှာရှိတဲ့ စန္ဒမုခီဘီလူးမရုပ်ထုကို သွားမကြည့်နိုင်တာ နှစ်တွေကြာလှပြီ။

ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး