Norethisterone နော်အက်သီစတီရုန်း

၁။ ဆရာ သမီး အသက် ၁၈ နှစ်ပါ အရေးတကြီး project တခုရှိလို့ ဆရာဝန်ပြောတဲ့ norethisterone (Menoral) ကို period ရက်နဲ့မတိုင်ခင် ၃ ရက်မှာသောက်ပါတယ် (၂ရက်/၃ရက်) သောက်ခိုင်းပါတယ် ၁ရက်ခွဲ နှစ်ရက်ခွဲမသောက်ရလို့ ပြောပါတယ် ဆရာ။ But period was earlier than expected. ဆေး ၁ လုံးသောက်ပြီးချင်း Period ဖြစ်ပါတယ်ဆရာ ဆရာဝန်က ၂ ရက် စိုတော့ ပြည့်တဲ့နေ့မှရပ်ပါတယ် ဓမ္မတာလာနေတုံး သောကက်ရင်ဘာဖြစ်နိုင်ပါလဲ။ ဘယ်လိုပြသနာတွေရှိနိုင်ပါလဲဆရာ

မေးတဲ့သူ ဘာဖြစ်ချင်လို့ အဲဒီဆေးသောက်သလဲ မသိပါ။ စိုတော့လို့ မဟုတ်။ ဆိုတော့လို့ရေးရတယ်။

၂။ ဆရာရှင့် ကျွန်မအသက် ၃၂ ပါရှင့်။ အိမ်ထောင်ရှိပါတယ်ရှင့်။ အိမ်ထောင်သက် ၄နှစ်ရှိပါပြီရှင့်။ ရာသီက ၁၁ လပိုင်းမှာ ရာသီများလို့ og ပြပါတယ်ရှင့်။ ဟော်မုန်းဆေး (၄)ကတ် သောက်ခိုင်းပါတယ်ရှင့်။ မနက်တလုံး ညတလုံးရှင့် (၄) ကတ်သောက်ပြီး ရာသီပြန်လာတော့ (၄)ရက်ပဲလာတော့တယ်ရှင့်။ ရာသီပြန်လာတယ်ရှင့်။ ကလေးလိုချင်တယ်ပြောတော့ ကလေးရအောင်ရောလုပ်ပေးမယ်လို့ပြောလို့ ပြန်သွားပြပါတယ်ရှင့် ပြန်သွားပြတော့ ထပ်ပြီး ဟော်မုန်းအားဆေး တလစာ (၄)ကတ်ပေးတယ်ရှင့် ဆေး(၄)ကတ် စား ပြီးတော့ ရာသီလာပါတယ်ရှင့်။ ရာသီလာရင်ပြန်လာပြပါပြောလို့ သွားပြတဲ့ရက်ရောက်တော့ og က ခရီးသွားနေပါတယ်ရှင့်။ og ကို ဖုန်းဆက်ပြီး ဘာဆေး သောက်ရမှာ လဲရှင့်မေးတော့ သားဥကြွေးဆေးသောက်ပြီး ဟော်မုန်းဆေး ဆက်သောက်ခိုင်းပါတယ်ရှင့်။ ခရီကပြန်ရောက်မယ့်နေ့လာခဲ့လို့ ဆေးခန်းကိုခေါ်ပါတယ်ရှင့်။ og ဆေးခန်းကို ပြန်သွားပြပါတယ်ရှင့်။ ဒီလ ကလေးရအောင် ကူညီပေးပါရှင့်။ ခွင့်က ဒီတလပဲရလို့ပါလို့ og ကိုပြောခဲ့ပါတယ်ရှင်။ ဟော်မုန်းဆေး ဆက်မသောက်နဲ့လို့ပြန်ညွှန်ကြားပါတယ်ရှင့် ၂၅ ရက်နေ့က ရာသီလာတယ်ဆိုတော့ ၆ ၇ ၈ ၉ ၁၀ ရက်တွေမှာအတူနေလို့ ညွှန်ကြားပါတယ်ရှင့်။ ဟော်မုန်းဆေးက ၂ ရက် တပိုင်းစာ ၅ လုံးသောက်ပြီးနေပြီရှင့်။ သားဥကြွေဆေးရောသောက်ပီးနေပြီရှင့်  ဟော်မုန်းဆေးမသောက်တော့ပဲ ၃ ရက်ကျော်တော့ ရာသီပြန်လာနေတယ်ရှင့် နဲနဲပဲလာတယ်ရှင့်။ အခုလိုရာသီပြန်လာတော့ သားဥကြွေရက်ပြောင်းသွားမှာလားရှင့်။ ကလေးရော ရနိုင်ပါ့မလာရှင့်။ ဟော်မုန်းဆေးကတ်ပါရှင့်။

၃။ ဆရာမင်္ဂလာပါရှင့်။ ကျမအသက်က ၃ဝ ပါ။ ဒုတိယကလေးမွေးထားတာ၂ လကျော်ပါပြီ။ ခွဲမွေးတုန်းက IUD ထည့်ခဲ့ပါတယ်ဆရာ။ ကြိုးစကပြန်ရှည်ထွက်လာပြီး သွေးဆင်းတာများလို့ ပြန်ထုတ်ပေးထားပါတယ်ဆရာ။ OG က ပုံမှာပြထားတဲ့ဆေးပေးလို့သောက်နေပါတယ်။ အခုရာသီလာတော့ ဆင်းတဲ့သွေးကအရမ်းပူပါတယ်ဆရာ။ ဂွမ်းထုတ်ကို မခံထားနိုင်အောင်ကို ပူစပ်နေပါတယ်။ ဘာဖြစ်လို့ပါလဲဆရာ။ ဘာဆေးသောက်ရပါမလဲရှင့်။

Norethisterone ဆိုတာ progesterone ပရိုဂျက်စတီရုန်းဟော်မုန်းဆေးဖြစ်တယ်။ ကိုယ်ဝန်တားဆေးအနေနဲ့လည်း သုံးတယ်။ သွေးဆုံးသူတွေအတွက် ဟော်မုန်းအစားထိုးကုသနည်းမှာလည်းသုံးတယ်။

ရာသီရက် ပြောင်းချင်သူတွေကိုလည်း ပေးတယ်။ ရာသီမလာခင် (၃) ရက်မှာ တနေ့ကို (၃) ကြိမ်သောက်ထားရင် ရာသီမလာပဲနေမယ်။ ဆေးရပ်တော့မှသာ ၂-၃ ရက်နေတော့ ရာသီပြန်လာမယ်။ (၁၇) ရက်ထက်တော့ နောက်ကျအောင် မလုပ်သင့်ပါ။ ကိုယ်ဝန်ဆောင်နေရင်နဲ့ ကိုယ်ဝန်ယူမယ်ဆိုသူတွေ မသုံးရပါ။

ဆေးရဲ့ ဘေးထွက်သက်ရောက်မှုတွေကတော့ လေပွမယ်။ ဗိုက်အောင့်မယ်။ အတူနေချင်စိတ်နည်းမယ်။ ရင်သားတင်းနာမယ်။ တချို့ကိုယ်ရောင်တယ်။

ရက်မဟုတ်ဘဲ သွေးဆင်းတာအတွက်လည်း ပေးတယ်။ ရာသီလာရက်တွေမှာ ခံစားရတာတွေ နည်းအောင်လည်း ပေးတယ်။ Endometriosis ရောဂါအတွက်လည်းပေးတယ်။ တချို့ရင်သားကင်ဆာအတွက်လည်းပေးတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၆
၃-၂-၂ဝ၁၈
၈-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး