Prime Suspect တစ်တရားခံ

Nyo Htet Nyo Linnay Thit ခင်ဗျား ကြိုက်ချင်မှတော့ ကြိုက်မယ်။ ဒါပေမဲ့ မောင်ခင်မင် ဆိုတာ မြန်မာစာ ပါမောက္ခကြီး။ ဒါ့အပြင် စာရေးဆရာကြီး တစ်ယောက်ပါ။ သူက လက်ရှိ အစိုးရ ထုတ်ဝေထားတဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း အရ တစ် လို့ ရေးတာပါ။ တ တွေကို တစ် လို့ ဗိုလ်ချုပ်နေဝင်း ပြောင်းခဲ့တာ သူ ကောင်းကောင်း သိတာပေါ့။ သူ မှီတဲ့ ခေတ်ပဲဟာ။ မောင်ခင်မင့် အသက် အခု အနည်းလေး ခြောက်ဆယ်ကျော်ပါပြီ။ ဒါပေမဲ့ လက်ရှိ အစိုးရ သတ်မှတ်ထားတဲ့ ရေးထုံးအတိုင်း တညီတည်း စာရေးဆရာ တွေ ရေးကြရပါတယ်။ တစ် ကို တ လို့ ပြန်ပြင်ချင်ရင် အခြားနည်းမရှိ။ အစိုးရက ပြန်အမိန့်ုထုတ်ပြီး (ဗိုလ်နေဝင်းနည်းအတိုင်း) ပြင်မှ ရပါလိမ့်မယ်။ သူငယ်တန်း ကတည်းက ကလေးတွေကို တစ် လို့ မသင်ဘဲ တ လို့ ပြန်သင်မှ ရပါလိမ့်မယ်။ နောက်ပြီး တစ်ပြည်လုံး တပြေးညီ တ လို့ ပုံနှိပ်မှ ရပါလိမ့်မယ်။ ဒီ့အပြင် အခြားနည်း မရှိပါ။ ကလေးတွေကို 'တစ်' လို့ သင်နေသရွေ့ အဲဒီကလေးတွေ တစ် လို့ပဲ ရေးကြမှာပါ။

Tint Swe ကျွန်တော့်စာအုပ်ကို ပုဂံတိုက်ကထုတ်တာ (၂) ပတ်သာရှိသေးတယ်။ ကျွန်တော့်မူအတိုင်း တစ်တွေမပါပဲ ထုတ်ပေးပါတယ်။ အခုထိတော့ တရားမစွဲသေးပါ။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး