The true Master ချွတ်ထိုက်သူ

ကျွန်တော့်ပို့စ်တခု = Block me Please! ကျေးဇူးပြု၍ ဘလော့ပါ

ကွန်မင့်တခု = ချမ်း သာ ဒါတော့ဆရာမှားတယ်လို့ ထင်တယ် အကြောင်းအရာမခိုင်လုံလို့ မှားနေတယ်ဆိုရင် ဆရာတို့ လိုတတ်သိနားလည်တဲ့သူတွေကပြင်ပေးရမှာလေ ဒါမှလမ်းကြောင်းမှန်ရောက်မှာပါဆရာ
ကိုယ့်ကိုယ်ကို တတ်သိသူ၊ နားလည်သူ၊ ပညာရှိသူဆိုပြီး စိတ်ထဲမှာမထားတတ်ပါ။ သင်-မြင်-ကြား ဆရာတွေဆီကနေ အဆက်မပြတ်သင်ယူနေရင်း ရေးသင့်တယ်ထင်တဲ့ ဆေးပညာ၊ နိုင်ငံရေး၊ သမိုင်းနဲ့ မြန်မာစာသုတလေးတွေကို ရေးပါတယ်။ ရေးတာဖတ်ပြီး အကျိုးရှိရှိသုံးသူမျိုးနဲ့ အဲလိုမဟုတ်သူမျိုးပါရှိတယ်။

လောကမှာ သင်ပေးလို့ရသူကများပြီး မရသူလည်းနည်းနည်းရှိတယ်။ ဒီဆရာနဲ့မရပေမယ့် တခြားဆရာနဲ့ရတာမျိုးလည်း ဘုရားလက်ထက်ကရှိခဲ့တယ်လို့ ဖတ်ဖူးတယ်။

ကျွန်တော့်ကို မှားကြောင်းထောက်ပြနိုင်တဲ့ လူကြီးမင်းကပဲ အဲဒီလိုပုဂ္ဂိုလ်မျိုးကို ချွတ်လို့ ကျွတ်ထိုက်ရင် ကျွတ်ပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး