Zika vaccine ဇီကာ ကာကွယ်ဆေး အမေး

ဆရာရေ မင်္ဂလာပါရှင့်။ တခုသိချင်တာလေးကိုဆရာကိုမေးပါရစေ။ ဆရာမအားလပ်ဘူးဆိုတာသိပေမဲ့ အားကိုးလို့ မေးပါရစေ။ ကျွန်မမှာ သားလေးတယောက်ရှိပါတယ်။ ၁ နှစ် ၄ လပါ။ သားသားကို ကျန်းမာရေး ဝန်ကြီးဌာနက လမ်းညွန်ထားတဲ့ ကာကွယ် ဆေးတွေကို သူ့ရည်ညွှန်းလတွေတိုင်းထိုးပေးပါတယ် သားသားက မွေးကတည်းက ကျန်းမာပါတယ်။ ဒီနေ့ သူများကလေးတွေကအပြင်ဆေးရုံမှာ zika virus ကာကွယ်ဆေး ထိုးကြတယ်လို့ သိရပါတယ်။ အဲဒါ ထိုးသင့် မထိုးသင့် သိချင်ပါတယ်ဆရာ။ ဆရာရဲ့ အားလပ်တဲ့တန်ဖိုးရှိအချိန်ထဲကနဲနဲလေးဖဲ့ပြီး ဖြေပေးပါရှင့်။ ဆရာ့အဖြေရခဲ့ရင် တခြားမေမေတွေကိုလဲ share ပါရစေ။ ကျေးဇူးတင် လေးစားလျက်။

ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပဌမဆုံအကြိမ်အဖြစ် လူတွေကိုစမ်းသပ်ခြင်းကို ယူအက်စ်မှာခွင့်ပြုလို့ ၂ဝ-၆-၂ဝ၁၆ နေ့သတင်းမှာဖတ်ရတယ်။ အခုမြန်မာပြည်မှာထိုးနေပြီတဲ့။ ဟုတ်ပါ့မလား။ အဲဒီစမ်းသပ်ထိုးခြင်းသတင်းထွက်တာ ၇၂ နာရီလောက်သာရှိသေးပါတယ်။

ဆေးတို့ ကာကွယ်ဆေးတို့ကို အသစ်ဖေါ်စပ်တိုင်း ဓါတ်ခွဲခန်း၊ တိရစ္ဆာန်၊ လူ၊ စသဖြင့် အဆင့်ဆင့် စမ်းသပ်လေ့လာမှုတွေ လုပ်ရပါတယ်။ နောက်ဆုံးမှသာ FDA တို့ WHO တို့ကနေခွင့်ပြုချက်ထုတ်ပေးပါတယ်။

ဇီကာဗိုင်းရပ်စ်က ဒုက္ခပေးတာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဖြစ်တာလည်း သတိထားပါ။ ကလေးတွေ မဟုတ်ပါ။
ဇီကာဗိုင်းရပ်စ်အကြောင်းရေးတင်ထားပြီးစာတွေရှိပါတယ်။
- Zika causes birth defects (ဇီကာ) ကနေ ဦးနှောက်ရောဂါဖြစ်စေတာ သေချာပြီ
- Zika ဇီကာဗိုင်းရပ်စ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ (ကျန်းမာရေးဝန်ကြီးဌာန)
- Australia to step up Zika testing သြစတေးလျမှာ ဇီကာဗိုင်းရပ်စ် စစ်ဆေးတော့မယ်
- Singapore reports first imported Zika case စင်္ကာပူမှာ ဇီကာဗိုပ်ရပ်စ်ပိုးစတင်တွေ့ရှိ

3 days ago - The researchers said that it's possible that people who get infected with dengue after Zika - or after immunization with a Zika vaccine - would develop more severe dengue disease. But the dengue virus could also offer a cure for Zika, according to a study by the University of North Carolina.
http://www.dailymail.co.uk/health/article-3711140/Zika-vaccine-breakthrough-Scientists-claim-identified-landmark-formula-jab-stop-epidemic.html

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး