ဇော်ဂျီ ရေးခဲ့တဲ့ သတ်ပုံ

ကွန်မင့်တခု = ဆရာ ဝိဇ္ဇာလိုင်းယူခဲ့ရင် ပိုကောင်းမယ်ဗျ

ဟုတ့့် အခုတော့ ဇော်ဂျီဖေါင့်နဲ့ စာတွေရေးနေရတယ်။ Smile!

ဝိဇ္ဇာလိုင်းဆိုတာ မြန်မာစာ၊ ပထဝီ၊ သမိုင်း၊ ပါဠိ၊ စိတ်ပညာ၊ ဘောဂဗေဒ၊ ဒသနိကဗေဒ စတာတွေကိုခေါ်တယ်။ ကျွန်တော်က ဆေးကျောင်းရောက်သွားတာမှန်ပေမယ့် ဆရာဇော်ဂျီစာတွေနဲ့ ကြီးပြင်းခဲ့တာပါ။

တဦးစကားကိုတဦးက အတော်ကြီးနားလည်မှပြီးနိုင်ပေမည်။ ထို့ကြောင့် များစွာသော မြန်မာတို့သည် ဘာသာခြား လေ့လာမှု၊ ဘာသာပြန်မှုတို့ကို တမင်သက်သက်ဖြစ်စေ၊ ခရီးသွားဟန်လွဲဖြစ်စေ လုပ်ဆောင်နေရမည်မှာ မလွဲဟု ထင်နိုင်သည်။ မြန်မာတို့ ရောနှောဆက်ဆံနေသော တခြားလူတို့တွင် စာအရေးအသားရှိနေပြီဖြစ်သော လူမျိုးတို့ ပါဝင်နေသည်။ တဖန်ထိုစဉ်က မြန်မာနိုင်ငံတွင် ထွန်းကားနေသော ဘာသာများကိုကြည့်ပြန်လျှင် အထင်အရှားအားဖြင့် တွေ့ရသည်မှာ မဟာယန၊ ထေရဝါဒ၊ တန္တြ။ ဗြဟ္မဝါဒတို့ဖြစ်ကြသည်။

ဆရာဇော်ဂျီက တစ်ဦးစကားကိုတစ်ဦးက ၊ တစ်မင်သက်သက်၊ တစ်ခြားလူ၊ တစ်ဖန် လို့မရေးပါ။ အခုတော့ လူတကာက ဇော်ဂျီဖေါင့်နဲ့ ဆရာဇော်ဂျီစာတွေကို ပြင်ရေးနေကြတယ်။

သင်၏မျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက်ဝင်းလျက် ကျန်စေသတည်း။

ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး