Boo! မျိုးတုံးသွားတဲ့ တပင်တိုင်ဝါး

ဆရာ မနေ့က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအစည်းအဝေးတခုကို ကျွန်တော်တက်ခဲ့ရပါတယ်။ ပြင်ဆင်တာတွေ ဖြည့်တာ ဖြုတ်တာတွေလုပ်တဲ့အထဲမှာ တစ်ပင်တိုင်ကျွန်းကို စသတ်ဖြုတ်ဖို့ တယောက်က ဆွေးနွေးတယ်။ အဲ့ဒီမှာ ကော်မတီဝင်တဦးက မောင်ခင်မင် (ဓနုဖြူ)၊ မြန်မာစာအဖွဲ့ကို လှမ်းမေးကြည့်တော့ စသတ် မဖြုတ်ဘူးတဲ့ဆရာ။ တပင်တိုင်ကျွန်းမဟုတ်ဘဲ တစ်ပင်တိုင်ကျွန်းလို့ ခေါ်မယ်တဲ့။ ဆရာ့ကို ပြေးသတိရမိတယ်။ မောင်ခင်မင်ဆိုတာ မကြားဖူးပါဆရာ။

အော့့် တပင်တိုင်အက၊ တပင်တိုင်မြနန်း၊ တပင်တိုင်မင်းသမီး၊ တပင်တိုင်မုံ့ဟင်းခါး၊ တပင်တိုင်ဝါးလို့ရှိတယ်။

ခုခေတ်မှ
တပင်တိုင်အကဆိုတာ စုံတွဲဖြစ်ပြီလားမသိ။
တပင်တိုင်မြနန်းမှာ ဘယ်သူတွေစံမြန်းတယ်မသိ။
တပင်တိုင်မင်းသမီး တပင်တိုင်မုန့်ဟင်းခါးစားရင် လည်မျိုတစ်နေမလားမသိ။
ရခိုင်ရိုးမနဲ့ တနင်္သာရီရိုးမက ဘင်းဘူး ခေါ် တပင်တိုင်ဝါးတွေ မျိုးတုံးပြီလားမသိ။

တစ်ပင်တိုင်ကျွန်းကို စသတ်ဖြုတ်ဖို့ ဆွေးနွေးတဲ့အမတ်ဟာ အတော်ဆုံးဖြစ်တယ်။ ဥပဒေအထက်မှာ ကုလားထိုင်ရှိတယ်။

ဗိုလ်တထောင်ကိုတော့ မတစ်လောက်ဘူးထင်နေတာတောင်မှားသွားပြီ။ တလောက ဗိုလ်တစ်ထောင်ဘုရားလို့ ရေးတာတခု တွေ့လိုက်တယ်။ တပင်ရွှေထီးအလှည့်ရောက်တော့မယ်။

Boo ဆိုတဲ့အင်္ဂလိပ်စာလုံးရှိတယ်။ ပွဲလမ်းတွေမှာ သဘောမကျရင် အော်ဟစ်ပြောင်လှောင်တဲ့အခါ ဘူ့ ဘူ့း့ လို့ အော်ကြတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၈-၂ဝ၁၆
၁၉-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး