The Rain ပုလဲလုံးရွဲအလှ ရွာစေချင်ပါပေ

မြန်မာပြည်မှာ မိုးတွေ သဲသဲမဲမဲ ရွာနေသတဲ့
ဆေးပညာမှာ -
• မိုးတောင်က၊ ပွေးပေါင်က သိပြီးတော့မှ ဆေးပညာသင်ရတယ်။
• လေနာရောဂါကိုသင်ရတော့ မိုးစနေ၊ လေရာဟု ကိုအမှတ်ရတယ်။
• တောင်ကလာမှမိုး၊ ဒေါင်ဒေါင်မြည်မှအိုး ကြားပြီးတော့မှ နှလုံးခုန်သံနားထောင်ဘူးတယ်။
• မိုးလေဝသမှန်မှန်ပြော တောက်တဲ့ကိုလူချော ပြောလို့ ပလပ်စတစ်ဆာဂျရီ လေ့လာကြည့်တယ်။

နိုင်ငံရေးမှာ
• မိုးရွာတုန်းရေခံ နဲ့ ပွဲလန့်တုန်းဖျာခင်း က ပြောင်းပြန်။
• မိုးကောင်းတုန်း ရွာထားနှင့်ဦးပေါ့ကွာ ရွတ်ခဲ့ရတာ အနှစ် နှစ်ဆယ်ကျော်ကြာတယ်။
• ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုပေမယ့် အဲတာက လိင်မခွဲခြားပါ။
• မိုးထိအောင် လှေကားထောင် လို့သိပေမယ့် ရှိတဲ့လှေကားက ခါးလောက်သာရှိတယ်။

တိမ်တမန် သီချင်းကြားရင် အိမ်ပြန်ချင်လာတယ်။     ။

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၆
မေလှမြိုင်သီဆိုတဲ့ တိမ်တမန် https://www.youtube.com/watch?v=NIL-TRPcMQE

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး