မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, September 30, 2016

Carelessness ဘယ်လိုအန္တရာယ်ရှိနိုင်လဲ

ဆရာရှင့် သမီးမနေ့က ညနေက စီးဆစ်ကြည့်တာ နှစ်ကြောင်းပေါ်လို့ ဆရာဝန်သွားပြတော့ နှစ်ပတ်လောက်ရှိပြီ ပြောပါတယ်ဆရာရှင့်။ ခုဒီမနက်ကျတာ့ သွေးနည်းနည်းဆင်းနေပါတယ်ရှင့်။ သမီးကကလေးလိုချင်လို့ တားဆေးမသုံးတာ သုံးလလောက်တော့ရှိပါပြီရှင့်။ ခုလိုသွေးဆင်းတာ ဘယ်လိုအန္တရာယ်ရှိနိုင်လဲ ကျေးဇူးပြု၍ဖြေပေးပါဆရာရှင့်။

Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်းစာ ပို့လိုက်ပါတယ်။
ဆီးစစ်လို့ ရေးရပါမယ်။ ဆရာဝန်ကတော့ မြန်မာစာနဲ့ စကားကို အဲလိုမှားနေကြတာ ဘယ်လိုအန္တရာယ်ရှိနိုင်လဲ သိချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.