Driving license ယာဉ်မောင်းလိုင်စင်

ရှေးဟောင်းပစ္စည်းလို့ပဲ ပြောရတော့မယ်။ ကျွန်တော်တို့ခေတ်ကို ဟိုရှေးရှေးတုန်းကလို့ ပြောနိုင်ပြီမဟုတ်ပါလား။

ခေတ်လူတွေက ပါလီမာန်ဒီမိုကရေစီခေတ်ကို မမှီလိုက်ကြ၊ (မလဆ) ခေတ်ဦးကို ရိပ်ဖမ်းသံဖမ်းသာကြားဖူးကြ။ အဲတာတွေအသာထား ၁၉၉ဝ ရွေးကောက်ပွဲဆိုတာတောင်မှ မဲမထည့်ခဲ့ရသူတွေကများတယ်။ မဲထည့်ရအုံးတော့ အရေးပါတယ်လို့ မမှတ်ယူကြသူတွေကလည်း မနည်းပါ။ ပြည်ပနိုင်ငံရေး ရေးရေးပဲသိကြတယ်။

ကျွန်တော်က ငယ်ဘဝကို မမေ့ပါ။ ကိုယ်ပိုင်တာ၊ ကိုယ်မွေးရာကို တန်ဖိုးထားတယ်။ ကျွန်တော့်ယာဉ်မောင်းလိုင်စင်လေး ရှိသေးတယ်။ ဇနီးမိဘတွေနေထိုင်ရာ ဘုတလင်မြို့ကို အလည်သွားကြရင်းနဲ့ အဲဒီမှာပဲ ယာဉ်မောင်းလိုင်စင် အသစ် ထပ်လုပ်ခဲ့တာပါ။ ၁၉၉၄ ခုနှစ်မှာ သက်တမ်းကုန်ခဲ့ပါပြီ။

အမျိုးရယ် ဘာရယ်သာပြောနေကြပြီး၊ သီချင်းကြီး၊ သီချင်းခန့်တွေကို နားထောင်ရကောင်းမှန်း မသိကြတော့တဲ့ခေတ် ဖြစ်နေတာကိုး။ ကျွန်တော်ကတော့ ငယ်ဘဝကို မမေ့ပါ။ ရွှေထီးဆောင်းခဲ့ရတာလည်း မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး