Endowment ပြုစုပျိုးထောင်မှု

ဆရာရှင် မြန်မာကျာ်ကမ္ဘာကျော် ဆရာတော်ဘုရားကြီးတပါး ကရင်ပြည်နယ်မှာဟောကြားခဲ့တဲ့တရားပါ။ အနောက်နိုင်ငံမှာ ဘာသာတရားဆိုတာကို မသိကြတော့ဘဲ အိပ်စားကာမသည်သုံးဝကိုသာ သိကြပါတော့တယ်တဲ့။ mrtv4 ကလာတဲ့ အဲ့ဒီတရားကိုနာနေချိန်မှာကိုဘဲ Mark Zukerberg တို့ Bill Gate တို့နဲ့အတူ ကမ္ဘာကြီးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတဲ့ အနောက်နိုင်ငံသားပညာရှင်တွေကို အားနာတဲ့စိတ်တပြိုင်နက်ဖြစ်ပေါ်ခံစားခဲ့ရတာအမှန်ပါဘဲဆရာ။

အကောင်းပြောတာ၊ အဆိုးပြောတာ၊ နှိမ်ပြောတာမျိုးမှာ အထူးသတိထားအပ်တယ်။ တပါးသူကို ကဲ့ရဲ့ပြီး ကိုယ့်ဖက်ပါအောင်လုပ်နည်းက ဘက်တော်သား များကောင်းများနိုင်တယ်။ နည်းလမ်း မမှန်ပါ။

ဘာသာဝင်တိုးအောင်လုပ်တာတော့ ကောင်းပါတယ်။ ဘာသာဝင်ဖြစ်တာနဲ့ မပြီးပါ။ လူ့လောကမှာ အိုင်ဒီမရှိသူတွေက လူအစစ်ဖြစ်နေပြီး၊ လူအတုတွေမှာ အိုင်ဒီအစစ်တွေရှိတတ်တယ်။

ဒါနဆိုတာ ပါဠိစာလုံးမပါလည်း ပြုလို့ရတယ်။ နတ်ပြည်ရောက်ဘို့ ဆုတောင်းချင်မှတောင်းမယ်။ နိဗ္ဗာန်လည်း ကြားဘူးချင်မှ ကြားဖူးမယ်။ ဒါနအကျိုး ရမှာပဲ။

ဘာသာတရားကို ချီးမြှောက်တာတော့ ကောင်းပါတယ်။ ဗုဒ္ဓဘာသာမှာ ပိုပြီးထူးခြားတယ်။ ဘုရားနှုတ်တော်က ဟောခဲ့တဲ့ဘာသာစကားမဟုတ်တဲ့ ဘာသာစကားတွေနဲ့ ပြောဟော ဆုတောင်းနေကြရတဲ့ခေတ်ရောက်နေပြီ။ အဆုံးအမရဲ့အနှစ်ဟာ ကိုယ်တိုင်ရရှိတဲ့ အသိဉာဏ်သာဖြစ်တယ်။ အဆင်တန်ဆာတွေ မဟုတ်ပါ။ အဲဒီဉာဏ်ကို ဉာဏ်မြင့်သူကသာ နိမ့်တဲ့သူအဆင့်ကို သိနိုင်တယ်။ အသက်၊ ဝါ၊ ရာထူးဂုဏ်တွေနဲ့ ဉာဏ်ကိုတိုင်းတာမရနိုင်ပါ။

ကျွန်တော်ပြောတာလည်း ပြည့်စုံမှန်ကန်မှာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး