FB question by an American student

ကနေ့မနက်မှာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့က (မာရီယန်) တက္ကသိုလ်မှာ ဒုတိယအကြိမ် စကားသွားပြောရပါတယ်။

ဖေ့စ်ဘွတ်မေးခွန်းလိုပဲ ကျောင်းသားတယောက်က မေးပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီရှိလာပြီဆိုတော့ ပြန်မှာလားတဲ့။ ဖေ့စ်ဘွတ်မှာ မကြာမကြာဖြေခဲ့သလို ဖြေလိုက်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် နေ့တိုင်း၊ မနက်ရော ညပါ မေးနေတဲ့ မေးခွန်းဖြစ်ပါတယ်။

၂ဝ၁၂ သြဂုတ်လမှာ Black list နာမည်မည်းစာရင်းကနေဖယ်လိုက်တည်းက ဥပဒေအရ ပြန်လို့ရလာတယ်။ ဒါပေမယ့် အရင်အစိုးရက ဥပဒေအထက်မှာရှိလို့ မပြန်ခဲ့ပါ။ အခုအစိုးရက ဥပဒေအထက်မှာ မနေပေမဲ့ နေနေတဲ့သူတွေ ကျန်နေသေးတယ်လို့ ဖြေလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး