First 6 months ပဌမခြောက်လ

အခုပဲ သားတယောက်ကတင်ထာတာ တွေ့ပါတယ်။ ဒေါ်စု နိုဘယ်ဆုရသတဲ့ဆိုတုန်းက ဂုဏ်ပြုခဲ့ကြတာ။ ၁၉၉၁ နိုဝင်္ဘာ။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့အစွန်က ပုံထဲမှာပါတဲ့ ဇင်မာဘောက်လို့ခေါ်တဲ့နေရာမှာ ကျောင်းသားတွေနဲ့ တွဲနေခဲ့တာ (၆) လတိတိကြာတယ်။ အိန္ဒိယကိုခြေချတာကတော့ မီဇိုရမ်ပြည်နယ်တောင်ပိုင်းက စိုင်ဟားမြို့လေးမှာ။ နောက်တော့ အိုက်ဇောလ်ကို ရွေ့လာကြတယ်။ အိုက်ဇာလ်မှာ ကျွန်တော်က ၂၁-၁၂-၁၉၉ဝ ကနေ ၂၁-၁၂-၁၉၉၁ တနှစ်တိတိနေခဲ့ပြီး၊ ဒေလီကိုရွှေ့ပါတယ်။

ပြည်ပထွက်စာ ပဌမဆုံး (၆) လဟာ အခက်ခဲဆုံးကာလဖြစ်ပါတယ်။ NLD အမတ် ၂ ယောက်ကလွဲရင် လူတိုင်း ရရာအလုပ်ကြမ်း လုပ်ကြရတယ်။ နောက် (၆) လမှာ မြို့ထဲနေရာရွေ့ပြီး ကျွန်တော်က မြန်မာရက်ကန်းသမားတွေကို ဆေးကုလို့ ပိုက်ဆံလေးနည်းနည်းရပါတယ်။ ဆေးကုလို့ရတဲ့ငွေလေးနဲ့ ဒေလီကို တက်နိုင်တယ်။

ဒေလီရောက်တော့ UNHCR မှာ ဒုက္ခသည်လျှောက်တော့ တလကို ရူးပီး (၇၃ဝ) ရတယ်။ ပဌမ (၂) နှစ်အထိ ဘယ်ကမှ အကူအညီမရပါ။ နောက်တော့ စင်ပြိုင်အစိုးရတာဝန်ယူလာရတော့ ရုံးရယ်ဘာရယ်ဖြစ်လာတယ်။ နောက်မှာ NLD/LA အတွက် IRI ကနေကူညီတာရတယ်။ (၂၅) နှစ်အတွင်းမှာ ကူညီသူတွေနဲ့ လက်တွဲနေထိုင်လုပ်ကိုင်ခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ စွန့်ခွါသွားသူတွေကိုလည်း သတိရတယ်။

ကျွန်တော်တို့တတွေ မြန်မာ့ဒီမိုကရေစီရေးအတွက် တခုခုတော့လုပ်ခဲ့ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး