I say …သပြေခက်တို့ခေတ်

Good Lucky ဆရာရှင့် ဆရာရဲ့မေးနည်းစည်းကမ်းအရ သမီးလို့မရေးဘဲ၊ ကျွန်မလို့ရေးရမယ်ဆိုတာ သိထားပါတယ်။ အားလုံးကလဲ ကျွန်တော် ကျွန်မလို့ရေးတာကိုပဲ ဖတ်ဖူးပါတယ်။ ဒီမေးခွန်းတွေမှာ သမီးလို့ရေးထားတာ ဖတ်ရတာ တမျိုးကြီးပါပဲ။ နံပါတ် ၂ မေးခွန်းမှာ သမီးနဲ့သားကိုဖတ်ရတာ ခဏတော့ မျက်စိလည်သွားပါတယ်။ နောက်မှပဲ သဘောပေါက်သွားပါတယ်။ ကျွန်မလဲ ဆရာ့ရဲ့မေးနည်းစည်းကမ်းတွေကို တတ်နိုင်သမျှ ဖြန့်ဝေပါရစေဆရာ။

ဟုတ်တယ်၊ နာမ်စားတွေက ခေါင်းစားတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ဘယ်လိုသုံးနှုံးခေါ်သင့်ကြောင်း ရေးဖူးပါတယ်။ အမျိုးချင်း၊ ရင်းနှီးသူတွေအချင်းချင်း ကြိုက်သလိုခေါ်ကြတာ ဘာမှပြောစရာမရှိပါ။ ကျွန်တော့်ဆီကို စာရေးရင်တော့ စည်းကမ်းလေး ထားချင်တယ်။

အကို၊ ဦးလေး၊ အဘလို့ ခေါ်တာနဲ့ ကိုယ်ကိုယ်ကို သား၊ သမီးလို့ရေးတာတွေဟာ အခက်အခဲတွေဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကို သားလို့ရေးရင် ရေးတဲ့သူလားလို့ စဉ်းစားမိတယ်။ သမီးလို့ရေးလာရင် သူသမီးလား အရင်စဉ်းစားမိတယ်။ သမီးရဲ့သမီးလို့ရေးရင် သူ့မြေးမလား စဉ်းစားမိတာအမှန်ပါ။ ကိုယ့်နာမည် အဖျားဆွတ်ပြီး မေးခွန်းမေးတာကလည်း နားလည်ရ အတော်ခက်တယ်။

စစ်အစိုးရထွင်လုံးဖြစ်တဲ့ အဘအကြောင်းတော့ အကြိမ်ပေါင်း တရာ (တစ်ရာ မဟုတ်) လောက်ရေးရပြီးပြီ။ ဆရာဝန်နဲ့ လူနာဆက်ဆံရေးမှာ အထက်အောက်သဘောမရှိ၊ အမျိုးလည်း မတော်သင့်ပါ။ ဆရာ-ကျနော်-ကျမ တွေကသာ ရှင်းလင်းပါတယ်။ သင့်မြတ်ပါတယ်။

ဖဆပလခေတ်လောက်ကတော့ အိုင် နဲ့ ယူ သုံးခဲ့ကြတယ်။ စတီရီယိုသီချင်းတွေပေါ်ကာစမှာ ခင်တို့အရွယ် သပြေခက်မို့ အသက်မငယ်တော့ဘူးရှင်တို့ရယ့့် သီချင်းရှိခဲ့တယ်။

ကျွန်မကို ကျမလို့သာရေးတာလည်း ခေတ်အရ မှန်ပါတယ်။ ယဉ်ကျေးပါတယ်။ လေးစားရာကျတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး