International Day of Peace ငြိမ်းချမ်းရေးသင်္ကေတ

စက်တင်္ဘာလ (၂၁) ရက်နေ့ဟာ International Day of Peace နိုင်ငံတကာငြိမ်းချမ်းရေးနေ့ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးသင်္ကေတကို အမျိုးမျိုးသုံးခဲ့ပါတယ်။ ငြိမ်းချမ်းရေးသင်္ကေတတွေကတော့ သံလွင်ခက်၊ သံလွင်ခက်ကို ကိုက်ချီနေတဲ့ ချိုးဖြူငှက်၊ ကျိုးနေတဲ့ ရိုင်ဖယ်သေနတ်၊ ဗွီဆိုင်း စတာတွေဖြစ်တယ်။ ချိုးဖြူကို ငြိမ်းချမ်းရေးအတွက်သာမက အချစ်နဲ့ ဆက်သားအဖြစ်သုံးတယ်။ ဘာသာရေးအရလည်းချိုးငှက်ကို တန်ဘိုးထားတယ်။ ခရစ်ယန်နဲ့ ဂျူးဘာသာတွေ ဖြစ်တယ်။ စစ်သုံးလည်းရှိတယ်။

Peace symbols ငြိမ်းချမ်းရေးသင်္ကေတကို ၁၉၅၈ ကနေစတယ်။ အမှန်က အနုမြူလက်နက်ဖျက်သိမ်းရေးဖြစ်ပါတယ်။ နူကလီယာအတိုကောက် N စာလုံး၊ ဖျက်သိမ်းရေးအတိုကောက် D စာလုံးပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မသေမချင်းငြိမ်းချမ်းရေးအတွက် လုံးပမ်းသွားခဲ့တယ်။ မြန်မာပြည်မှာ ချိုးငှက်ကို ငြိမ်းချမ်းရေးသင်္ကေတအဖြစ် လူသိများ ထင်ရှားခဲ့တယ်။

အရင်အစိုးရလက်ထက် ၂ဝ၁၅ ခုနှစ် ဧပြီလထဲကကျင်းပတဲ့ပွဲမှာတော့ ဗိုင်နယ်လ် (ဗီနိုင်း မဟုတ်ပါ) အစိမ်းရောင်တွေနဲ့ ဖက်ရှင်လုပ်ထားတယ်။ ချိုးငှက်လည်း ပျံမနေပါ။ ရိုင်ဖယ်ကျိုးလည်း မပါ။

၂၁ ရာစုပင်လုံညီလာခံရဲ့စင်မြင့်နောက်ခံမှာ အပြာခံပေါ်မှာ ဖွေးဆွတ်နေတဲ့ ချိုးဖြူငှက်၊ သံလွင်ခက်ကိုကိုက်ချီထားတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး