မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, September 29, 2016

Medical investigation စမ်းသပ်ခြင်း

ဆရာ ဘယ်လိုစမ်းသက်မှုမျိုး လုပ်ရပါလည်ဆရာ။

ရောဂါကို ဆရာဝန်ပြသင့်။ သတ်ပုံကိုတော့ ကျွန်တော်ပြင်ပေးပါမယ်။ စမ်းသပ်လို့သာရေးရတယ်။

သက် = အသက်၊ သက်ရောက်မှု၊ သက်ဆိုင်သူ။ သက္ကတဘာသာ၊ ခုနှစ်သက္ကရာဇ်၊ သက္ကလတ်စောင်၊ သက်စွန့်ကြိုးပမ်း၊ သက်ဆိုးရှည်၊ သက်တံ့ရောင်၊ သက်တမ်းရှည်၊ ချစ်တဲ့သက်နှံ၊ ချစ်ဖက်သက်လျာ၊ သက်ရင်းကြီးပင်၊ သက်လုံကောင်း၊ သက်သာချောင်ချိရေး၊ သက်သေပြ၊ သက်သောင့်သက်သာ၊ သက်သတ်လွတ်စား၊ သက်ကျားအို၊ သက်ကြီးခေါင်းချအချိန်၊ သက်ဦးဆံပိုင်စနစ်။

သပ် = ပွတ်သပ်၊ သပ်လျှို၊ သပ္ပာယဖြစ်၊ သပ္ပာယ်၊ သပ်ရပ်။

Yes ရက်စ်

Medical investigation စမ်းသပ်ခြင်းစာလည်းတင်ပြီးရော ကွန်မင့်တခုလာတယ်။

ဆရာအရေပြားကင်ဆာအကြောင်းသိချင်လိုပြောပြလိုရမလားရှင်

မေးနည်းစည်းကမ်း ပို့လိုက်။

ဟုတ်ကတ်ပါ

ဟုတ်ကဲ့ပါလို့သာ ရေးရတယ်။ ဝေခွဲမရရင် ရက်စ်လို့သာရေး။

ကတ် = ကတ်ကြေး၊ ကတ္တရာစေး၊ ကံ-ကတ္တား၊ ကတ္တားခြား၊ ကတ္တီပါဖိနပ်၊ ကတ်ထူစာအုပ်၊ ကတ်ဖဲ့ဖဲ့လုပ်၊ ကတ်သီးကတ်သတ်၊ ကုတ်ကုတ်ကတ်ကတ်၊ တရုတ်ကတ်တံခါး၊ တုံးပေကတ်သတ်၊ တွက်ကတ်၊ နားကြားပြင်းကတ်၊ ပိဋကတ်၊ ပို့စကတ်၊ ပေကတ်ကတ်၊ မြင်ပြင်းကတ်၊ လက်ပေါက်ကတ်၊ အမြင်ကတ်၊ အလုပ်ခိုကတ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.