Monastic tradition အစဉ်အလာ သိက္ခာ

(မနှစ်က ဒီနေ့မှာရေးခဲ့တဲ့စာ)

အရှင်ဘုရာ့း့ ဘုရားရှင်သည် သဗ္ဗညုတပုဂ္ဂိုလ်ဖြစ်ပါလျက် မဖြစ်ပေါ်သေးသောအမှုကိစ္စတို့ကို ကြိုတင် သိမြင်တော်မူပါလျက် အဘယ်ကြောင့် သိက္ခာပုဒ်တော်များအားလုံးကို ပြည့်ပြည့်စုံစုံ တခါတည်း ပညတ်မထားပါသနည်း။ လူတို့ကဲ့ရဲ့ခါမှ အဘယ်ကြောင့် ပညတ်တော်မူပါသနည်း။

မြတ်သောမင်းကြီ့း့။ ဘုရားရှင်သည် တရာ့ငါးဆယ်ကျော်မျှသော သိက္ခာပုဒ်တော်များ ပညတ်ရမည့်အရေးကို ကြိုတင် သိမြင်တော်မူခဲ့ပေ၏။ သို့ရာတွင် ငါဘုရားသည် သိက္ခာပုဒ်တော်များကို တပြိုင်နက်တည်းပညတ်ငြားအံ့၊ လူအပေါင်းသည် ဤသာသနာသို့ဝင်ရောက်ရန် ထိတ်လန့်ကြကုန်လတ္တံ။့ အကြောင်းပေါ်လာခါမှ၊ ပြစ်မှုထင်ရှားလာခါမှ ပညတ်တော်မူရပေ၏။့။

မှတ်ချက်။ သေဓိယသိက္ခာပုဒ်အားလုံးကို တခုတည်းပေါင်းထား၍ (၁၅ဝ) ကျော်ဆိုသည့်သဘောဖြစ်၏။ (၂၂၇) သွယ်သော သိက္ခာပုဒ်တော်များရှိကြကုန်၏။

ကျွန်တော့်ဖြည့်စွက်ချက် -
သဗ္ဗညုတရှင် မြတ်စွာဘုရားသည် ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံအခြေအနေကိုလည်း ကြိုတင်သိမြင်တော်မူမည်မှာ အမှန်ဖြစ်၏။ ပရိနိဗ္ဗန်စံဝင်၍သာလျင် သိက္ခာပုဒ်တော်အရေအတွက် ဖေါင်းပွမလာခြင်းဖြစ်ပါမည်။ လူတို့ကဲ့ရဲ့သဖြင့် သိက္ခာပုဒ်အသစ် ပညတ်တော်မူရန် ဘုရားရှင်မရှိတော့ပေ။ ကျွန်ုပ်တို့ထိုက်နဲ့ ကျွန်ုပ်တို့ကံသာလျှင် ဖြစ်ပေတော့သည်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး