Presidential Debate စကားစစ်ထိုးပွဲ

ခဏနေရင် (ပရက်ဆီဒင်ရှယ် ဒီဘိတ်) ခေါ်တဲ့ အမေရိကန်သမတတောင်းနှစ်ဦး စကားစစ်ထိုးပွဲ (လိုက်ဖ်) တိုက်ရိုက်ထုတ်လွှင့်တာ လာပါတော့မယ်။

နေ့ခင်းကတည်းက (ဒီဘိတ်) အမျိုးမျိုးမှာ နာမည်ရခဲ့သူတွေကို အင်တာဗျူးလုပ်တာတွေ (အင်ပီအာ) ခေါ် လူကြိုက်များတဲ့ (အက်ဖ်အင်မ်) ရေဒီယိုကနေ လာနေတယ်။ ကောလိပ်ကျောင်းသူကျောင်းသာတွေပါတယ်။

(ဒီဘိတ်) ကို စကားရည်လုပွဲလို့ ခေါ်ကြတယ်။ ကျွန်တော်ငယ်ငယ်က စကားရည်လုပွဲတွေ သွားနားထောင်ဘူးခဲ့ပါတယ်။ တခါမှတော့ ဝင်မပြောခဲ့ဘူးပါ။ နာမည်ကြီး စကားအပြောအဟောကောင်းသူတွေပြောကြတာ နာယူမှတ်သားစရာတွေ ရခဲ့ပါတယ်။ ဆရာဘုတလင်ချစ်လေးတို့၊ ဂုဏ်ထူးဦးသိန်းနိုင်တို့ပြောကြာတာ ခုထိမမေ့ပါ။

မြန်မာပြည်မှာ ခုခေတ်စားလာတာက (တီဗွီ ဒီဘိတ်) ဖြစ်မယ်ထင်ပါတယ်။ ကျောင်းတွေ၊ အသင်းအပင်းတွေကနေ စီစဉ်သင့်ပါတယ်။ နည်းတော့ စကားရည်လုတဲ့အခါ ပြောရဆိုရတဲ့ သဘာသဘာဝအသိ တိုးတက်လာတာနည်းမယ်။ လက်ခုပ်တီးအောင် ရွေးပြောတာထက် တက်သင့်ပါတယ်။ ရီမောစရာ ကောင်းပါတယ်။ ရသပါတာလည်း ကောင်းပါတယ်။ အချက်အလက်ကို ဦးစားပေးတာပါ ဖြစ်လာသင့်ပါတယ်။

ကိုယ်တင်တာမှာ ခိုင်မာမှုရှိတာမျိုး၊ တဖက်လူကို အဆင့်ရှိရှိချေပတာမျိုး၊ စကားအသုံးအနှုန်း လေးနက်ယဉ်ကျေးတာမျိုး၊ ပညာရစေတာမျိုးဖြစ်စေချင်ပါတယ်။

အဆိုးအကောင်းခွဲတာက လွယ်တယ်။ အကောင်းတွေထဲက ပိုကောင်းတာ ရွေးရတာမျိုးနဲ့ ကောင်းတာမှန်ပေမဲ့ လက်တွေ့ကျတာမျိုး ရွေးရတာခက်ပါတယ်။ လူရွယ်တွေကို ပြုစုပျိုးထောင်တာမှာ စကားရည်လုပွဲတွေကနေ အများကြီး အကျိုးပြုမယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး