Seven and Year

စစ်အုပ်စုကနေ နိုင်ငံရေးမှာလူစွာလုပ်ဘို့ မျိုးစေ့ချခဲ့ပြီး ၂၆ နှစ်ကြာအုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ ပျက်စီးအောင်လုပ်ခဲ့တဲ့ မရေမတွက်နိုင်တာတွေထဲမှာ ရေတွက်လို့ရတဲ့ ပိုက်ဆံထုတ်တာလည်းပါတယ်။
သတ်ပုံတွေကို အတင်းအဓမ္မပြင်တာကို ခဏခဏပြောလွန်းလို့ မျက်မုန်းကျိုးနေလောက်ပြီ။ အရေထူးပြီးသားမို့ မလျှော့ပါ။ (၇) ကို ခုနစ်လို့ရေးရတယ်။ (ခုနှစ်) မဟုတ်ပါ။ Seven ကနေ Year ဖြစ်သွားမယ်။
ဦးနေဝင်းလက်သုံးတော် မြန်မာစာဆရာတွေရဲ့ သတ်ပုံတွေကိုလိုက်နာကြတဲ့ဆရာတွေ အခုလည်းကြီးစိုးနေတယ်။

ထေါင်လို့ရောတာလည်း ထောင်လို့သာရေးသင့်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး