Tetanus မေးခိုင်ရောဂါ

မေးခိုင်ပိုးဝင်ရင် ကုလို့ရပါသလားဆရာ။ ကျွန်တော့်အသက်က ၂၈ ပါ။ ဆေးပညာနဲ့ပတ်သက်ပြီး ဗဟုသုတရချင်၍ မေးတာပါဆရာ။ တစ်ချို့နားမလည်သူတွေကို ပြန်ရှင်းပြတာမျိုး၊ ကြားနေမြင်နေရတာတွေမှာ  နားမလည်တာလေးတွေ မေးတာပါဆရာ။ မေးခိုင်ပိုးဝင်သူက အသက် ၂၅ ဝန်းကျင် ယောက်ျားလေးပါ၊ သံနဲ့ထိခိုက်မှုဖြစ်ပြီး ၄ ရက်မြောက်မှာ စကားပြောရင် လေးနေလို့ ဆေးရုံအမြန်သွားခိုင်းလိုက်ပါတယ်။ ၂၈.၉.၂၀၁၆ ရက်နေ့ကပါ။ လမ်းမှာကြုံတာပါဆရာ။ အဲဒါ သူတကယ်လို့ မေးခိုင်ပိုးဝင်တယ်ဆို ကုလို့ရလား သိချင်ပါတယ်။

မေးခိုင်ရောဂါသည် Gram-positive Clostridium tetani ဗက်တီးရီးယားကြောင့် ဖြစ်ရသည်။ အနာ-ဒဏ်ရာထဲသို့ ၄င်းပိုးဝင်၍ ဖြစ်သည်။ မေးရိုးကြွက်သားများ လှုပ်မရဖြစ်၍ မေးခိုင်ရောဂါဟု လူသိများသည်။ ပိုးဝင်ပြီး ၂-၁၄ ရက်ကြာမှ ရောဂါလက္ခဏာများပေါ်သည်။

အနာ-ဒဏ်ရာများသည် အထဲနက်မှသာဖြစ်စေတတ်သည်။ ဥပမာ သံစူးခြင်း၊ ခွဲစိတ်ခြင်း၊ မွေးပြီးကလေး ချက်ကြိုး ဖြတ်ခြင်းကြောင့် ဖြစ်တတ်သည်။ ကလေးဖြစ်လျင် နို့မစို့နိုင်ဖြစ်လာမည်။ ကြွက်သားများ တောင့်တင်းနေမည်။ ပါးစပ်ဟရ ခက်လာမည်။ အစာဝါးသည့်ကြွက်သားများ၊ မျက်နှာအမူအယာ လုပ်သည့်ကြွက်သားများ တောင့်တင်းနေသဖြင့် မဲ့ပြုံးပြုံးနေသလို ဖြစ်နေမည်။ ခါးတောင့်တင်းနေမည်။

လူနာခါးအောက်လက်ဝါးထိုးကြည့်လျှင် အိပ်ယာနှင့် ကပ်မနေ။ ဆိုးဝါးပါက ဝမ်းဗိုက်ရှေ့ကကြွက်သားများပင် ပြတ်ထွက်စေနိုင်သည်။ အသက်ရှူရာတွင် အသုံးပြုသည့်ကြွက်သားများ အလုပ်မလုပ်နိုင်ဖြစ်လာပါက အသက်ကောင်းစွာ မရှူနိုင်ဖြစ်လာမည်။ အောက်စီဂျင်နှင့် အသက်ရှူကရိယာလိုနိုင်သည်။ သလိပ်-ချွဲ မထုတ်နိုင်ဖြစ်လာမည်။ လည်ပင်း ဖေါက်ပေးရနိုင်သည်။ တက်မည်၊ အထူးသဖြင့် အသံကြားပါက၊ အလင်းရောင်မြင်ပါက တက်မည်။ အတက်ဆေး ထိုးပေးရမည်။

ကုသရန်
• ဆေရုံတက်ကုသရမည်။ လူနာကို မှောင်ပြီးတိတ်ဆိတ်သည့်နေရာမှာထားပါ။
• Tetanus immune globulin IV or IM ထိုးပေးပါ။
• Metronidazole IV for 10 days ထိုးပေးပါ။
• တက်လျင် Diazepam IV or Infusion, Magnesium (IV) infusion အတက်သာသာဆေးများ ထိုးပေးပါ။
• Chlorpromazine or other muscle relaxants ကြွက်သားပျော့ဆေးများ ထိုးပေးပါ။
• အသက်ရှူခက်လာလျင် Tracheostomy လည်ပင်းဖောက်ပေးခြင်း၊ mechanical ventilation အသက်ရှူစက် တပ်ပေးရမည်။
• အစာအာဟာရကို ပါးစပ်မှ လုံလောက်အောင် မစားနိုင်ပါက ပိုက်ဖြင့်ထည့်ပေးရမည်။

ကာကွယ်ရန်
• TT or ATT vaccination
• DT and DPT vaccine

အများအားဖြင့် အသက်ကယ်နိုင်ပါတယ်။ ကျွန်တော် တောတွေမှာတာဝန်ကျစဉ်က မရှိရှိတာနဲ့ကုသပေးရတယ်။ အသက်ဆုံးတာ မှတ်မိသလောက် အတော်ကိုနည်းပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး