The Ocean ဒို့ပင်လယ် ကျယ်ပါဘိ

(မနှစ်က ဒီနေ့မှာရေးခဲ့တဲ့စာ)

ရောက်လေရာအရပ်တွေမှာ မြင်မြင်သမျှထဲက ထူးခြားမှုကိုတွေ့ရရင် ကိုယ့်တိုင်းပြည်၊ ကိုယ်လူမျိုးနဲ့ ယှဉ်ကြည့်မိတယ်။ သာလွန်တာ၊ နိမ့်ကျတာတွေ့ရရင် ဘာလို့ အဲလိုကွာနေရသလဲလို့ပါ ဆန်းစစ်ကြည့်တာကို ဆက်လုပ်မိတယ်။ သူများတွေက ကဲသာတာတွေ့ရရင် ဒို့က ဘာလို့ခြာနေသလဲဆိုတဲ့ အဖြေကိုတော့အမြဲမသွေ လိုက်ရှာနေမိတယ်။ ကိုယ့်ဆီက သာတာတွေ့မိရင်လဲ အရမ်းကာရော ကိုယ့်ဟာကို ဂုဏ်တင်တာ၊ သွေးနားထင်ရောက်တာ မဖြစ်ပါ။
ဆန်းစစ်တယ်ဆိုတာ သုတေသနနည်းစနစ်အရလုပ်မှာသာ အမှန်နဲ့နီးစပ်မယ်။ စိတ်ထဲမှာက ဘက်ရှိထားမှုသဘောက အခံရှိထားနေလို့ အမှန်နဲ့ကွာနိုင်တယ်။ ဒါပေမဲ့ ဘွဲ့ယူစာတမ်းလဲမဟုတ်၊ ရောင်းစရာစာလဲမဟုတ်လို့ ပယ်ချခံရမှာအတွက် စိုးရိမ်စရာမရှိပါ။

သူများနိုင်ငံတွေက ဘာလို့ချမ်းသာနေရသလဲ။ ပင်လယ်ဓါးပြတွေကနေ စတယ်၊ ကုန်သွယ်မှု လိုက်လာတယ်၊ ဘာသာရေး မင်ရှင်နရီတွေ ဆက်လာတယ်၊ နောက်ဆုံးမှာ ကိုယ်လိုနီတွေအဖြစ်သိမ်းယူပြီး အဆီအနှစ်တွေကို စုပ်ယူသွားတယ်လို့ ကွန်မင့်အဆင့်လောက်မှာ ရေးဘူးတယ်။ ပင်လယ်ဓါးပြအရင်က စိတ်ကြမ်း၊ လူကြမ်းကြီးတွေက သူများတွေနေတဲ့ နေရာဒေသတွေကို ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်ပြီး အုပ်စီးကြတာနဲ့ စခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ရာဇဝင်ထဲမှာလဲ မကြီးကျယ်လှပေမဲ့ အဲလိုမျိုးတွေ ရှိခဲ့ပါတယ်။

အဏ္ဏဝါပြင်ကို ယာပြင်လိုသဘောထားနိုင်သူတွေက ပိုပြီးတွင်ကျယ်နိုင်ခဲ့ကြတယ်။ ကျွန်တော်တို့က အရှေ့တောင်နဲ့ အနောက်မြောက်ဘက်ဆီကို တောနဲ့တောင်တွေကိုကျော်ဖြတ်ပြီး တိုက်ယူခဲ့ဘူးတယ်။ တကယ်တန်း ကိုယ့်တိုင်းပြည်ကို ဝင်ပြီးအုပ်စီးပြီး အဆီအနှစ်တွေကိုထုတ်ယူမဲ့သူတွေက ပင်လယ်ကနေသာ ဝင်လာကြတာပါ။

အခုတော့ အဲဒီပင်လယ်ထဲကထွက်သမျှ သဘာဝအရင်းအမြစ်တွေကို လက်ညှိုးထိုးရောင်းစားပစ်တယ်။ ရောင်းတဲ့သူတွေကသာ စားရတာပါ။ အရှေ့တောင်ကနိုင်ငံကို ငါးကိုကြိုက်သလိုဖမ်း၊ ပင်လယ်ဆိပ်ကမ်းစီးပွါးရေးဇုန်နဲ့ ကုံလုံစေတယ်။ အနောက်မြောက်ဖက်ကတိုင်းပြည်ကို ပင်လယ်ဆိပ်ကမ်း ပေးကမ်းခဲ့တယ်။ ရာဇဝင်ထဲမှာ ကိုယ့်တိုင်းပြည်နဲ့ စစ်မက်အကြိမ်ကြိမ်ဖြစ်ခဲ့တဲ့နိုင်ငံကိုတော့ ဘာမဆို ကြိုက်သလို လုပ်စေရက်တယ်။

- မြစ်ပြင်ရယ် ကျယ်ပါဘိ၊
- ငါးတွေ သည်မြစ်ကြောမှာပေါပါဘိ၊
- သို့သော် သည်ပိုက်ဆွေးနဲ့ လိုက်ရေးမလွယ်ပါ။      ။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး