Vote for Education (2) ပညာရေးအတွက် မဲပေးပါ (၂)

(မနှစ်က ဒီနေ့မှာတင်ခဲ့တဲ့စာ၊ အမှန်က ၃ နှစ်ရှိပါပြီ။)

• နေ့လည်စာ ထမင်းချိုင့်၊ စာရေးရတဲ့လက်ကလေးနဲ့နှိုက်၊
• ဗိုက်ဝရင်တော်လှ၊ စားချင်တာမစားရ နေ့တိုင်းလိုသာပ၊
• မူလတန်းကတည်းကစရတာ ဘဝသင်္ခန်းစာ၊
• ငါကြီးလာရင်ဘာလုပ် ဆရာဝန်ကြီး မဟုတ်၊ ခရိုနီကြီး မလုပ်။

• လူကြီးတွေပြောနေတာကြား၊ ဟိုဟာပြင်မှာလား သည်ဟာပြင်မှာလား၊
• စစ်သားတဲ့၊ မြစ်များတဲ့၊ နိုင်ငံခြားသားတဲ့၊
• အသားဖြူဖြူ ဗမာစကားမတတ်သူ၊
• ဒီလူတွေက မိုးပေါ်ကကျ၊ ကျွန်တော့်နေ့လည်စာနဲ့ ဆိုင်ပါသလားဗျ။

• ထမင်းကြမ်းဖြူဖြူ၊ ဆီမကူ ဆားမပါ၊
• အမေ့စေတနာ၊ အဖေ့လုပ်စာနဲ့တိကျ၊
• ဒီမိုကရေစီသာရရင်တော့၊ နေ့လည်စာထမင်းမှာ ဟင်းတခွက်ပါစေရမယ်ပေါ့လို့
• ဒို့မူလတန်းကျောင်းသား ဂျင်နရေးရှင်း၊ အားခဲလို့သာတင်း။

ပညာရေးကောင်းချင်ရင် NLD ကိုသာမဲပေးပါလို့တင်ခဲ့တာပါ။ NLD ကိုမဲပေးခဲ့ကြပြီ။ မကောင်းသေးပါ။ မဲတမျိုးတည်း မရသေးတာ သဘောပေါက်ပြီး၊ မဖြစ်နိုင်လောက်တဲ့အဆင့်ကြီးတခုကို ရအောင်လုပ်ခဲ့နိုင်ခဲ့ကြပြီလို့ နားလည်ရမယ်။ ဝိုင်းလုပ်ကြရမယ်။ လုပ်တဲ့သူတွေက လုပ်နေကြတယ်။ အဲဒီထဲမှာ ကိုယ်ဘာလုပ်ပေးသလဲ မေးရမယ်။

- ဓါတ်ပုံ = Khun San Oo
- စာရေးဖြစ်အောင်စေ့ဆော်သူ = Pauk Sa Jade

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-ဝ၁၃
၂၁-၉-၂ဝ၁၅
၂၁-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး