You are Specialists အထူးကုများ

ဒေါ်စုနေမကောင်းလို့ ကျန်းမာရေးစစ်ဆေးကုသမှုခံယူနေတဲ့ပုံတွေတင်နေကြတယ်။ နာရီပိုင်းတွေအလိုက သမတရုံး ပြောရေးဆိုခွင့်ရှိသူအဆိုအရ အစာအိမ်နဲ့ ကျီးပေါင်းတက်တာလို့သိထားရတယ်။ အဲတာဆို အစာလမ်းကြောင်း အထူးကုနဲ့ အရိုးအထူးကုတွေဆီ သွားရမယ်။ လိုသေးရင် ဖီဇီကယ်သာရာပီ။ အင်ဘက်စတီဂေးရှင်းခေါ် စစ်ဆေးးမှုလုပ်တဲ့ နေရာဌာနတွေသွားရမယ်။ ဒါက လိုနိုင်တာတွေကို အပြေးအလွှားရေးတာပါ။

ဒီစာလေးမှာ ရေးချင်တာက ဒေါ်စု အမျိုးသမီးရောဂါဖြစ်စဉ်က ခွဲစိတ်ကုသပေးခဲ့တဲ့ မိသားစုဆရာဝန်က ဒေါ်စုနဲ့အတူ တခြားနေရာဌာနတွေကို လိုက်ပို့ရတယ်။ အမျိုးသမီးဆရာဝန်တွေကို ပုံမှာမြင်ရတယ်။ အထူးကုဆရာဝန်တွေချည်းသာ ဖြစ်ပါမယ်။ ဘာသာရပ်တိုင်းမှာ အထူးကုရှိတယ်။ ဘာသာရပ်တခုတည်းမှာကို ထပ်ခွဲထားသေးတယ်။

လူတိုင်းဟာ ကိုယ်သန်ရာ၊ ဆိုင်ရာနယ်ပယ်မှာ အထူးဖြစ်ကြရတယ်။ အဲတာမှ လိုအပ်သူလာရင် ဒိုင်းကနဲ ပြောဆိုလုပ်ကိုင် လုပ်ပေးနိုင်မယ်။ ဆရာဝန်တွေမှ မဟုတ်ပါ။ နယ်ပယ်တိုင်းမှာ အထူးကျွမ်းကျင်နေကြတာရှိတယ်။ ဥပမာ ပြည်တွင်းက ကျွန်တော့်ညီတယောက် ကုန်သည်ပွဲစားပါ။ ကျောင်းပညာမှ ဆယ်တန်းသာအောင်တယ်။ သူရောင်းဝယ်တဲ့ပဲဆိုရင် သူ့နေရာလေးတနေရာတည်းကမဟုတ် တကမ္ဘာလုံးကပဲအခြေအနေကို မှန်းဆတတ်တယ်။ မိုးလေဝသ၊ ကိန်းဂဏန်းကအစ သိနေအောင်လုပ်တယ်။

နိုင်ငံရေးမှာလည်း အထူးပြုထားကြသူတွေရှိတယ်။ ပြည်ပနိုင်ငံရေးထဲက အမတ်တယောက် ဖက်ဒရယ်အကြောင်း ဘယ်အချိန်မေးမေး ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ပြောနိုင်ဆိုနိုင်တယ်။

တလောက ကျွန်တော်ရေးပါတယ်။ စတိတ်ဒီပတ်မင့်ခေါ် ယူအက်စ် နိုင်ငံခြေားရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံအရေး သွားပြောကြစဉ်က လက်ခံတွေ့တဲ့ အထက်တန်းအရာရှိဆီမရောက်ခင် အငယ်တန်းအရာရှိတွေကို၌က မြန်မာပြည်အကြောင်း လက်ဖြောက်တီးသလို နောကျေအောင် လေ့လာထားကြတယ်။

ကိုယ်သန်ရာသန်ရာမှာ အထူးပြုထားရင် အားလုံးအတွက်အကျိုးရှိစေတယ်။ ဘယ်သူမှ အကုန်လုံးကို အထူးပြုနိုင်တာ မရှိပါ။ အပြန်အလှန် တန်ဖိုးထားကြရမယ်။ ကျွန်တော်လည်း ကိုယ့်အထွာလေးနဲ့ကိုယ် တရေးနိုးခေါ်မေး တန်းဖြေနိုင်ပါတယ်။ ပဲဈေးမေးလို့ကတော့ ညစာစားတဲ့ပဲတောင်မသိပါ။ Smile!

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး