You Betcha! လောင်းကစားသမား စည်းရုံးရေး (သို့) ကုလားတစ္ဆေ နဲ့ တရုပ်သရဲ

(မနှစ်က ဒီနေ့မှာရေးခဲ့တဲ့စာ)

ဆရာ ကျွန်တော် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာနေပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာ အစရှိတဲ့ ဆင်ခြေဖုံးမှာနေတဲ့ အခြေခံလူတွေကို အဲ့ဒီအရပ်ကဘုန်းကြီးတွေက NLD ကိုမဲမပေးနဲ့ နိုင်သွားရင် ကုလားတွေ အုပ်ချူပ်လိမ့်မယ်လို့ ပြောနေပါတယ်။ ဘာသာရေးမှိုင်းအတော်ကိုမိနေကြပါပြီ။ အခြေခံလူထုနားလည်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရပါတော့မည်။ လေးစားစွာဖြင့် -

You Betcha! ဟုတ်တယ်။ နယ်တိုင်းမှာ အဲလိုလူတွေရှိတယ်။ ဝိုင်းကြိုးစားကြရပါမယ်။ အဲလိုလူတွေက စာလည်းမဖတ်။ သူတို့ဆီကို မီဒီယာလည်းရောက်မှာမဟုတ်။ ကိုယ်ရောပါ ဗြောင်လိန်သမားတွေလို အဆင့်နိမ့်တဲ့စည်းရုံးရေး လိုက်လုပ်ရမလို ဖြစ်နေတယ်။

NLD အနိုင်ရရင် ကုလားလည်း မအုပ်ချုပ်နိုင်၊ တရုပ်လည်း အခုလိုမလုပ်နိုင်ပါ။ ကုလားဆိုတာ တစ္ဆေအခြောက်နေတာသာ ဖြစ်တယ်။ တကယ်ရှိတဲ့ တရုပ်သူရဲလွှမ်းမိုးမှုနဲ့ တကယ်မရှိတဲ့ ကုလားတစ္ဆေ အခြောက်မခံရလေအောင် ဗန်းစကားတွေ သုံးပြီး စည်းရုံးရတော့မယ်။

အမေရိကန်သမတရွေးပွဲမှာ အိုဘားမားကို ပဌမအကြိမ်မှာပြိုင်ခဲ့တဲ့ ရီပတ်ဘလီကန်ပါတီက ဂျွန်မက်ကိန်းရဲ့ ဒုသမတလောင်း (ဆာရာ ပါလင်) ဟာ ရွေးကောက်ပွဲမဲဆွယ်စဉ်က အဲလို ဗန်းစကားတွေသုံးပြီးပြောတတ်လို့ နာမည်ကြီးတယ်။

မာကျောက်ကစားပြီး၊ ကုလားဖန်ထိုးဖဲရိုက်နေသူတွေက ကာကွယ်ရေးမှာ အချိန်ပြည့်တာဝန်ယူလာကြရင် ဘုန်းကြီးတစ္ဆေတွေလည်း အကျွတ်တရားရသွားမယ်။

Betcha = You bet you = informal conversation = Yes in an enthusiastic way
ဓါတ်ပုံ = Sarah Palin (ဆာရာ ပါလင်)

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး