Common Platter လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်

ကနေ့မနက် ဖေ့စ်ဘွတ်ကို အထက်ကနေအောက် ခပ်လောလောရွေ့ရင်းနဲ့ ဖတ်မိတာတခုက Chit Sayar ဝါနဲ့သမ္ဘာပို့စ် ဖြစ်ပါတယ်။ စာပေဟောပြောပွဲတပွဲမှာ ဆရာမဂျူးနဲ့ဆုံတော့ ကျွန်တော့်ကို ဆရာ့စာတွေကို ကျွန်မ များများ မဖတ်ဖူးပါဘူးတဲ့ (ကျွန်တော်ကလဲ များများရေးတဲ့သူမဟုတ်ပါဘူး) တစ်ပုဒ်တော့ဖတ်ဖူးပါတယ် ဝါနဲ့သမ္ဘာဆိုတဲ့ဆောင်းပါးပါတဲ့။

တစ်သတ်ပုံနဲ့သာ ရေးထားတယ်။ အဲဒီဆောင်းပါးလဲဖတ်ပြီးရော အဲဒီမင်းသမီးကြီးကိုလေးစားမိသလို လက်ရည်တစ်ပြင်တည်းသီချင်းကိုလဲ အတော်ကြိုက်မိသွားတယ်လို့ပြောခဲ့ဖူးပါတယ်လို့လည်း ဆက်ဖတ်ရတယ်။ သီချင်းခေါင်းစီပါ တစ်နေတာ တွေ့ရတယ်။

အရင်က စာလေးတပုဒ်ရေးထာတယ်။ လက်ရေတပြင်တည်း နှီးဒေါင်းလန်းကြီးရယ်နဲ့ သိုင်းဖွဲ့ကာ ဝိုင်းဖွဲ့ကာ စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ့့် တေးဆိုကြ မြူးပျော်ကြ ဟေ့သူငယ်ချင်းရေ ဒို့နယ်ပယ်တွင့့် မိုးသက်ကယ်ဆင့့် ရှစ်ခွင်ကမည်း အို့ ရွာမလိုလိုနဲ့ပဲ့  တစို့ပေါ်မှာ ကင်တယ်မောင်ရယ် ဆူးရင်းခပ်ပြီး မိုးမျှော်ငရုပ်သီးထောင်းနဲ့ ကိုဘိုကေရယ် ဒေါင်းလမ်းကြီးရဲ့အလယ်  ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်တယ်မောင်ရယ် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်။

နန်းတော်ရှေ့ဆရာတင်ရဲ့ ဒီသီချင်းကို စာသားမူကွဲတွေနဲ့ သီဆိုကြတယ်။ လက်ရေတပြင်တည်း၊ နှီးဒေါင်းလန်းတွေနဲ့၊ ဝိုင်းဖွဲ့ကာ စားကြသည်၊ မြမဒီခင် ခပ်ငယ်ငယ်၊့

ကျွန်တော်က မိုးမျှော်ငရုပ်သီးကြိုက်တယ်။ နှီးဒေါင်းလန်းမှာ ထမင်းမစားဘူးပါ။ တောသားပေမယ့် ဇီဇာကြောင်တယ်။ သူများတွေနဲ့တဝိုင်းတည်း ထမင်းစားရရင် အတော်မျိုသိပ်ထားရတာမျိုးတွေ ကြုံရတယ်။ ပလုပ်ပလောင်းနဲ့ စကားပြောတာ၊ ပြတ်ပြတ်မည်အောင်စားတာ၊ ပန်းကန်ကိုလက်နဲ့သုတ်ပြီး လျှက်စားတာမျိုးကို မကြိုက်ပါ။ အဲတာနဲ့ ဒေါင်းလန်းမှာ မစားဖြစ်ခဲ့ပါ။

အခုတော့ လက်ရေတစ်ပြင်တည်းတွေနဲ့ တွေ့နေရတာလည်း အတော်မျိုသိပ်ထားရတယ်။ လက်ရေတပြင်တည်းသာ ရှေးကထက်ပို ချစ်ခင်လိုပါတယ်။

https://www.facebook.com/52khinthida46/videos/pcb.10210449548976065/10210449504814961/?type=3&theater
သီချင်း - လက်ရည်တပြင်တည်း
ဆို - မာမာအေး
တီး - စန္ဒရားဂီတလုင် မောင်ကိုကို

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး