Antonio Guterres ကုလအထွေထွေအတွင်းရေးမှူးချုပ်သစ်

ကနေ့မှာ ပေါ်တူကီဝန်ကြီးချုပ်ဟောင်း (အင်တိုနီယို ဂူတားရက်စ်)  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သစ်အဖြစ် ကျမ်းသစ္စာဆိုပါတယ်။ သူ့ကို ၁၃-၁ဝ-၂ဝ၁၆ နေ့မှာ ရွေးချယ်ခဲ့ပါတယ်။ သူဟာ အသက် (၆၇) နှစ်ရှိပြီး ၂ဝ၁၇ ခုနှစ် ဇန္နဝါရီ (၁) ရက်နေ့ကစပြီး တာဝန်ထမ်းဆောင်ရပါမယ်။ လက်ရှိ အသက် (၇၂) နှစ်ရှိတဲ့ ဘင် ကီ-မွန်းက (၅) နှစ်သက်တမ်းနှစ်ခု ပြည့်ပါပြီ။

(အင်တိုနီယို ဂူတားရက်စ်) ဟာ UNHCR ခေါ် ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖြစ် (၁ဝ) နှစ်ကြာ တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။ အမျိုးသမီး (၇) ယောက်အပါအဝင် စုစုပေါင်း (၁၃) ယောက်ထဲကနေ ရွေးချယ်ခံရတာ ဖြစ်တယ်။ သူဟာ ၁၉၄၉ မှာမွေးခဲ့ပြီး ၁၉၇၁ မှာ အင်ဂျင်နီယာဘွဲ့ရတယ်။ ၁၉၇၄ မှာ ပေါ်တူကီ ဆိုရှယ်လစ်ပါတီဝင်တယ်။ ပါတီအထွေထွေအတွင်းရေးမှူးဖြစ်လာပြီးနောက် ပေါ်တူကီမှာ အာဏာရှင်စနစ်အဆုံးသတ်ပြီး အရင်ဆုံးကျင်းပတဲ့ ၁၉၇၆ ခုနှစ်ရွေးကောက်ပွဲကနေ ဝန်ကြီးချုပ်ဖြစ်လာတယ်။ ပေါ်တူကီစကား၊ အင်္ဂလိပ်၊ စပိန်နဲ့ ပြင်သစ်ဘာသာစကားတွေကို ကောင်းကောင်းပြောဆိုနိုင်သူဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဦးသန့်ဟာ တတိယမြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့ပါတယ်။ သူ့အရင် ဆွီဒင်နိုင်ငံသား Dag Hammarskjöld ဒက်ခ် ဟားမားရှိုးလ် မြောက်ပိုင်းရိုဒီးရှား (ယနေ့ ဇင်္ဘာဘွေ) မှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်လို့ ယာယီတာဝန်ယူရပြီးနောက်မှာ နှစ်ကြိမ်ဆက် အရွေးခံရသူဖြစ်ပါတယ်။ ရခိုင်အရေးစုံစမ်းရေးကော်မရှင်မှာတာဝန်ပေးခံရတဲ့ Kofi Annan ကိုဖီအာနန်က သတ္တမမြောက်ဖြစ်ပါတယ်။ အခုရွေးချယ်သူဟာ နဝမမြောက်ဖြစ်ပါတယ်။

1. Trygve Lie Norway
2. Dag Hammarskjöld Sweden
3. U Thant Burma (Myanmar) ဦးသန့်
4. Kurt Waldheim Austria
5. Javier Pérez de Cuéllar Peru
6. Boutros Boutros-Ghali Egypt
7. Kofi Annan Ghana
8. Ban Ki-Moon Republic of Korea
9. António Guterres Portugal

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး