လောကသာရပျို့ (၁၅)

ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကနေထုတ်ဝေခဲ့တဲ့ လောကသာရပျို့

၁၅။ သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာရှိတို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံးခြုံ၊ မတတ်တုန်လည်း၊ တစုံတခု၊ တတ်အေင်ပြု၍၊ လူမှုကုန်အောင်၊ စီးပွားဆောင်လော့၊ ညဥ့်မှောင်ရောက်ဘိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဘို့၊ အတတ်ချို့မူ၊ သူတို့ပြစ်တင်၊ ကဲ့ရဲ့မြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊     ၊ အိုသော် သူမရယ်စေမင်း။

မှတ်ချက် = တစ်စုံတစ်ခု မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး