လှည့် နဲ့ လှဲ့

Yae Win Maung ဆရာခင်ဗျာ့ ပို့စ်နဲ့မဆိုင်တာလေးမေးပါရစေ။ လှဲ့ (သို့) လှည့် ဘယ်ဟာ အမှန်လဲဆရာ။

လှည့်
လှည့်စားသည်၊ လှည့်ပတ်သည်၊ လှည့်ဖြားသည်၊ လှည့်လည်သည်၊ ကြည့်လှည့်ပါ၊ နားလှည့်ပါ၊ အလှည့်အပတ်၊ လာလှည့် ရှုလှည့်၊ သဌေးတလှည့် ခွေးတလှည့်၊ မှန်ကင်းတလှည့် ထင်းတလှည့်၊ ပုံလုံတလှည့် ငါးတလှည့်၊ မျက်လှည့်ဆရာ၊ လူပျိုလှည့်သည်၊

အနောက် တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင် စစ်မျက်နှာဖွင့် တိမ်ခိုးလွှင့်ကာနှင် မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မှင် ပြိုမှာလေလား မိုးရဲ့ စိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေရဲ့ အင်
လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စက် ရောင်ခြည်မျှင် ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင် နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင် လွမ်းအောင်ဖော်ပြ အာကာဝေဟင် ဘယ်ရှေးဝဋ်ကြွေးတုံ့တင် ချေပြီထင်ခဲ့ ခိုမီရာမဲ့ ရှုလှည့်မြင်လှည်စေချင် ချစ်တဲ့သူရဲ့ရင်ခွင် သည်မိုးမှောင်တုန်း မောင်ပုန်းပါရစေခင် တကိုယ်ရေအားနွှဲ့နွှဲ့ တုန်ပြီရွှေဘဝင် ငြိုးရက်တဲ့ ဒေဝါဆွေနတ်ရှင် အော် မိုးသက်လေနှင် (ဂီတနက်သန်ကိုစောညိန်း)

စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်းတလှည့်ကြုံရ၊ ထုံးနဲ့မသွေ၊ လောကဓမ္မတာပေ၊ ငါတို့ကံခေ၊ ဖြစ်ရပြန်သလေ၊ (တို့ဗမာသီချင်း)

မြန်မာစာသတ်ပုံစနစ်မှာ လှဲ့လို့မရှိပါ၊ ဒါပေမဲ့ ရေးကြပါတယ်။ မှားတယ်လို့ မပြောနိုင်ပါ။

မေးတဲ့သူပို့တဲ့ပုံက ဒေါက်တာသန်းထွန်းရဲ့ နယ်လှဲ့ရာဇဝင်စာအုပ်အဖုံးဖြစ်တယ်။ နယ်လှည့်ရာဇဝင်လို့ပါ ထုတ်ဝေတာ တွေ့ရတယ်။ မူရင်းသတ်ပုံတော့ မသိပါ။ ဒေါက်တာသန်းထွန်းက သူ့မူနဲ့သူရေးပါတယ်။ ကျွန်တော်က ပြီလို့ ပြောနေတာမှာ ဒေါက်တာသန်းထွန်းက ပီ လို့သာရေးတယ်။

စာရေးသူတွေ မူလရေးခဲ့တဲ့သတ်ပုံတွေကို နောက်လူတွေက လိုသလိုပြင်ကြတာ မလျှော်ပါ။ စော်ကားရကျတယ်လို့ ထင်ပါတယ်။ တောင်မြို့ဆရာတော်ကြီးကလည်း ဥူး လို့သာ ရေးခဲ့တယ်။ နမူနာတွေက အလွန့်အလွန်များတယ်။ နောက်လူတွေဟာ အရင်ဆရာတော်တွေ ဆရာတွေထက် ပိုတော်ကြတယ်လို့ မထင်ကြောင်းပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး