တုံး နဲ့ တုန်း

ဘီဘီစီ = ကုလသမဂ္ဂအရာရှိတွေရဲ့ အပြောအရ မြန်မာနိုင်ငံမှာ တပ်မတော်က ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကိုင်တွယ်ဆက်ဆံပုံဟာ လူမျိုးတုန်း ရှင်းလင်းမှုလုပ်နေတဲ့ ပုံစံ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဘီဘီစီလည်း တုံး နဲ့ တုန်း သတ်ပုံမှားရေးထားတယ်။ ကျွန်တော်လိုပဲ။ ကျွန်တော့်ပို့စ်တွေမှာ မကြာခဏမှားရေးမိတယ်။ ဆောရီး။

ကွန်မင့်တခု = မျိုးသုဉ်း၊ ဆိတ်သုဉ်း၊ ပျက်သုဉ်း

အခုခေတ် ဆိတ်သုဉ်း။ အရင်က ဆိတ်သုည်း။ ဉ ကို ဉာဏ်မှာသုံး။

တုံး
ကိုယ်တုံးလုံး
စဉ်းတီတုံးမှာ ဓားတုံးတုံးနဲ့ မသုံးပါနဲ့။
စိတ်နှလုံး ဒုံးဒုံး (တုံးတုံး) ချလိုက်ပါ။
ဉာဏ်တုံး
တုံးချင်း (ဒုံးချင်း)
တုံးတိတိ ပြောချလိုက်တယ်။
တုံးတိုက်တိုက် ကမ်းတိုက်တိုက်မလုပ်ပါနဲ့။
တုံးလုံးပက်လက်
တုံးလုံးအိပ်သည်
တုံးတေတုံးတေ
တုံးပေကတ်သတ် လုပ်မနေပါနဲ့။
တုံးပေတုံးပေ
တုံးပြေးသည်
တုံးလုံးပက်လက်
ထွန်တုံး
ဓါးတုံးတုံး
ပညာပေတုံး
ဘယ့်နှယ်တုံးဗျ သစ်တုံးပေါ်ထိုင်နေပါလား။
ဘယ်ကြောင့်တုံး
ဘာ့ကြောင့်တုံး
မြီးတုံးစပါး
လူနာ တုံးလုံးလဲနေတယ်။
လူညွန့်မတုံးစေပါနဲ့။
သစ်တုံး
သရက်သီး တုံးသွားပြီလား။
အချစ်တုံး
အတုံးအရုံး
ဥာဏ်တုံး (ဉာဏ်တုံး)
တောင်ကတုံး
ရွှေတုံး

တုန်း
ကတုန်းကတိုက်
စိတ်တုန်းရွာ
စိတ်တုန်းလှေတော်
တညတုန်းက
တုန်းရွာ
ပညာသင်တုန်း
ပွင့်တုန်းသီးတုန်း
ပျားပိတုန်း
မင်းတုန်းမင်း
မူတုန်း
ပြုတုန်း
မြည်သံတုန်းတုန်း
သွားတုန်းလာတုန်း ပြောရဦးမယ်
ရှေးရှေးတုန်းက
လေသင်တုန်း

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး