မရွှေဖဲ

မရွှေဖဲ ဇာတ်ပေါင်းခန်း

ဘယ်သွားနေလဲ မရွှေဖဲ
ဘုရားပွဲကို လှည်းနဲ့ဆို
ဘာဝယ်ခဲ့လဲ မရွှေဖဲ
ပင်နီအင်္ကျီ ယောထမီ
ဘာစားခဲ့လဲ မရွှေဖဲ
ကြာဇံလက်သုပ် မုံ့ဖက်ထုပ်
ဘယ်လောက်ကုန်လဲ မရွှေဖဲ
စက္ကူတကျပ် ငွေတမတ်
ဘာမြင်ခဲ့လဲ မရွှေဖဲ
ဈေးသည် ဈေးဝယ် စုံလို့ကွယ်
ဘာလုပ်သေးလဲ မရွှေဖဲ
ဘုရားရှင်တော် ဖူးပါသော်
ဘာအမည်လဲ မရွှေဖဲ
မကွေးမြို့စွန် မြသလွန်
ဘာဆုပန်လဲ မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။

ဇာတ်ပေါင်းသော် - မရွှေဖဲ အိမ်ထောင်ကျပြီး သားသမီးတွေ မြေးတွေရပါသည်။ စက္ကူတကျပ် ငွေတမတ်ဘဝပြောင်းချိန်မှာ မရွှေဖဲတယောက် မရှိရှာတော့ပါ။

ဒေါက်တာတင့်ဆွေ
၅-၉-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး