သင့်တင့်လျောက်ပတ်ပါ၏လော

မိလိန္ဒပဥှာ အကျဉ်းချုပ် (ပဌမပိုင်း)
စာပြုသူ ဗြဟ္မစာရီ-မွန်ဗိုကေ

၆၃။ ဘဂဝတော ဗြဟ္မစာရီပဉ္စာ
ဘုရားရှင်၏ အကျင့်မြတ်ပြဿနာဖြေဆိုခြင်း

မိ။ ဘုရားရှင်သည် မြတ်သောအကျင့်ကို ကျင့်တော်မူ၍ ဗြဟ္မစာရီမည်ပါသလော

နာ။ မည်၏။

မိ။ သို့တပြီးကား မြတ်စွာဘုရားသည် ဗြဟ္မာ၏တပည့်ပါလော။

နာ။ ဆင်တကာတို့ထက်ကြီးသော ဆင်ပြောင်ကြီးသည် တရံတဆစ် ကြိုးကြာငှက်သံနှင့်တူသောအသံကို မည်တွန်သဖြင့် ဆင်ပြောင်ကြီးသည် ကြိုးကြာငှက်၏ တပည့်မဟုတ်သကဲ့သို့ ကောင်းစွာကြီးသော ဗြဟ္မာမင်းသည် ဘုရားရှင်၏ တပည့်သာဖြစ်၏

မိ။ သင့်တင့်လျောက်ပတ်ပါ၏ဘုရား။

ကျွန်တော့် မှတ်ချက်
သို့တစ်ပြီးကား မဟုတ်။ ဆင်တစ်ကာတို့ထက်ကြီးသော မဟုတ်။ တစ်ရံတစ်ဆစ် မဟုတ်။ ရှေးဆရာတော်များ၊ ဆရာများ၏ သတ်ပုံကို လိုသလို ပြင်ရေးကြသူများသည် တစ်ပည့် (တစ်ဗျိဟု ဖတ်) များသာဖြစ်၏။ သင့်တင့်လျောက်ပတ်ပါ၏လော။

ဒေါက်တာတင့်ဆွေ



Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး